အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီတို့ ပူးပေါင်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ အရည်အ သွေးမြင့်မားရေး ဆင့်ပွားပို့ချဆွေး နွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ စိန်ရ တုခန်းမ၌ မတ်လ ၂ရက်နှင့် ၃ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများပါဝင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် ၂၀၁၆ နိုဝင် ဘာ ၂၇ရက်မှ ဒီဇင်ဘာ ၅ရက်အ ထိ ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များ သို့ သွားရောက်လေ့လာခဲ့ပြီး အ ဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက် သည့်အတွေ့အကြုံများ ပြန်လည် မျှဝေဆင့်ပွားပို့ချခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်သည်။
ဆွေးနွေးပွဲတွင် မန္တလေး ဆေးတက္ကသိုလ်ဒုတိယပါမောက္ခ ချုပ်ဒေါက်တာအေးအေးချစ်က Quality in Teaching and Research ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဥမ္မာ ကျော်က Student Experience ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက် တာသိင်္ဂီက Employer Engage-ment နှင့် အဆင့်မြင့်ပညာရေးဦး စီးဌာနဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာဇော်ဝင်းက Leadership and Industry Linkages ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီး၊ အမျိုးသားပညာရေးမူ ၀ါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမော က္ခချုပ်များ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
===================
251/End
၈ မတ် ၂၀၁၇ - ၁၇:၃၄
News ID: 816484
ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီတို့ ပူးပေါင်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ အရည်အ သွေးမြင့်မားရေး ဆင့်ပွားပို့ချဆွေး နွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ စိန်ရ တုခန်းမ၌ မတ်လ ၂ရက်နှင့် ၃ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။