အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကြား ဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ဒီချုပ်ပါတီအောင်နိုင်ရေး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ မတ်လ ၁၁ နှင့် ၁၂ ရက်တွင် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက်နှင့် သင်္ဘောဆိပ်ဟောင်း ရပ်တပ်တောင်မြို့၌ မဲဆွယ်ဟောပြောမည်ဟု မကွေးတိုင်း ဒီချုပ်ပါတီအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုကျော်ဆန်းထူးက ပြောသည်။
‘‘ဥပဒေအရ လူထုခေါင်း ဆောင်က အစိုးရရဲ့ ကြီးမားတဲ့ တာဝန်ကို ယူထားရတဲ့အတွက် ပါတီမဲဆွယ်တာတွေလုပ်ဖို့ မဖြစ် နိုင်ဘူးလေ။ ဒါကြောင့် အဆင် ပြေတဲ့သူတွေက တတ်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းပြီး ပါတီအောင်နိုင် ရေး ကူညီကြတဲ့ သဘောပါ။ တခြားပြည်နယ်နဲ့ တိုင်းတွေက ဒီချုပ်ပါတီရဲ့ လူငယ်တွေလည်း ကြားဖြတ်ရွေးကောက်ပွဲရှိတဲ့ ဒေ သတွေမှာ ကူညီတာတွေ သွား ရောက်လုပ်ပေးဖို့ ရှိတယ်’’ဟု ဒီ ချုပ်ပါတီရခိုင်ပြည်နယ် လူငယ် တာဝန်ခံကိုမြင့်ဌေးက ပြောကြားသည်။
မကွေးတိုင်းဝန်ကြီးချုပ်နှင့် တိုင်း လွှတ်တော်ဥက္ကဋ္ဌအပြင် မကွေးတိုင်းဒေသကြီး အလုပ်အ မှုဆောင်အဖွဲ့နှင့် မကွေးတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။
အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဆွေ သည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရသဖြင့် နေရာလစ်လပ်ခဲ့ပြီး ယင်းနေရာအတွက် ဒီချုပ်ပါတီမှ ဦးဇော်ဝင်းမြင့်၊ ပြည်
ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဦးသောင်းငြိမ်း၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေး မောင်နှင့် တစ်သီးပုဂ္ဂလကိုယ်စား လှယ် ဦးဇော်လင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
===================
251/End
၉ မတ် ၂၀၁၇ - ၁၇:၁၂
News ID: 816678