အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၈၈မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာနတာဝန်ခံသုံးဦးကို ရေးမြို့ဒေသခံတစ်ဦးက ကျပ်သိန်း ၅၀၀ရလိုမှု ဖြင့် တရားစွဲဆိုထားခြင်းကို မော် လမြိုင်ခရိုင်တရားရုံးက စီရင်ပိုင် ခွင့်မရှိခြင်းကြောင့် တရားပြိုင်များနေထိုင်ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်သို့ ပြောင်းလဲတရားစွဲဆိုရန် မတ်လ ၁၀ရက်က အမိန့်ချမှတ်ခဲ့သည်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ် ယာစီးပွားနှင့် တောင်သူလယ်သ မားရေးရာဌာနက ထုတ်ဝေသည့် တောင်ယာခင်းနှင့် သွေးချင်းမျက် ရည် စာအုပ်တွင် ဦးရန်လင်း အောင်သည် တောင်သူများပိုင် ဆိုင်သည့် ခြံမြေဧက တစ်ရာ ကျော်ကို အာဏာပိုင်များနှင့် ပူး ပေါင်း၍ သိမ်းယူထားပြီး တောင် သူများကို တရားစွဲဆိုထားကြောင်း ထည့်သွင်းဖော်ပြခဲ့ သည်။
၎င်း၏ အမည်ပါဝင်၍ နစ်နာစေခြင်းကြောင့် နစ်နာကြေး ကျပ်သိန်း ၅၀၀ ရယူလိုမှုဖြင့် ၈၈ ငြိမ်းပွင့်မှ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသက်နှင့် ဒေါ်နုနုသက်တို့ကို မော်လမြိုင်ခရိုင်တရားရုံးတွင် ဦးရန်လင်းအောင်က ၂၀၁၆ ဒီဇင်ဘာ၌ တရားစွဲဆိုခဲ့ပြီး ခြောက်ကြိမ်မြောက်ရုံးချိန်း၌ ထိုကဲ့သို့ အမိန့်ချခဲ့သည်။
‘‘ဒီအမှုကို တရားစွဲတဲ့နေရာ က တရားရုံးရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရှိဘူးဆိုတာကို တရားသူကြီးက ဆုံးဖြတ်တယ်။ ဒါကြောင့်မို့လို့ အမှုစီရင်ပိုင်ခွင့်ရှိတဲ့ ဒေသတရား ရုံးက ရန်ကုန်တိုင်း ကျွန်တော်တို့ စာအုပ်ထုတ်ဝေတဲ့ သင်္ဃန်းကျွန်း မြို့နယ်ပေါ့နော်။ အရှေ့ပိုင်းခရိုင် ပေါ့။ အဲဒီကို ရုံးပြောင်းသွား တယ်’’ဟု မတ်လ ၁၀ရက်ကမော် လမြိုင်တရားရုံးသို့ လာရောက်ခဲ့ သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်း ဆောင်ဦးကိုကိုကြီးက ပြောသည်။ မော်လမြိုင်ခရိုင်တရားရုံးက ချမှတ်သည့် အမိန့်အပေါ် တရားရုံးအဆင့်ဆင့်သို့ အယူခံတင်သွင်းမည်ဟု တရားလိုရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်စုသက်အေးက ဆိုသည်။
‘‘ဒီတရားရုံးမှာ စီရင်ပိုင်ခွင့် မရှိဘူးလို့ ဆုံးဖြတ်လိုက်တာဟာ ဒီအမှုကို ပလပ်လိုက်တာမဟုတ် ဘူး။ အမှုရှုံးတာလည်းမဟုတ် ဘူး။ ဒီတရားရုံးမှာ ဆုံးဖြတ်လို့မရ ဘူးဆိုတာကို ပြောလိုက်တာ။ အ ခင်းဖြစ်တဲ့နေရာက ရန်ကုန်မှာမို့လို့ ရန်ကုန်မှာစွဲပါလို့ ဒါကိုပြော လိုက်တာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ အမိန့်ကို အယူခံတရားရုံး အဆင့်ဆင့်ကို တက်ဖို့ရှိတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် ဒီ မော်လမြိုင်ခရိုင်တရားရုံးမှာပဲ အမှုကို ရင်ဆိုင်မယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင် သူတို့ (တရားပြိုင်)နေထိုင်တဲ့နေရာမှာ သွားပြီးတော့ တရားစွဲဆိုဖို့အစီအစဉ်ရှိတယ်’’ဟု ဒေါ်စုသက်အေးကပြောသည်။
===================
251/End
၁၁ မတ် ၂၀၁၇ - ၁၇:၅၁
News ID: 817064
၈၈မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာနတာဝန်ခံသုံးဦးကို ရေးမြို့ဒေသခံတစ်ဦးက ကျပ်သိန်း ၅၀၀ရလိုမှု ဖြင့် တရားစွဲဆိုထားခြင်းကို မော် လမြိုင်ခရိုင်တရားရုံးက စီရင်ပိုင် ခွင့်မရှိခြင်းကြောင့် တရားပြိုင်များနေထိုင်ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်သို့ ပြောင်းလဲတရားစွဲဆိုရန် မတ်လ ၁၀ရက်က အမိန့်ချမှတ်ခဲ့သည်။