အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောမြို့နယ်အတွင်း နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ဖို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက မတ်လ ၉ ရက်နေ့က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ညွှန်ကြားလိုက်ပါတယ်။
မောင်တောမြို့နယ်ထဲက ငခူရ၊ ကြိမ်ချောင်းနဲ့ စပါယ်ကုံးနယ်မြေရဲစခန်းတွေကို အလစ်တိုက်ခိုက်ခံရနိုင်သလို အများပြည်သူသွားလာနေတဲ့ လမ်း၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်လာနိုင်ကြောင်း သတင်းတွေရရှိတဲ့အတွက် အရေးကြီးတဲ့ ရုံးဌာန၊ အဆောက်အဦတွေ၊ လူပုဂ္ဂိုလ်တွေ လုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ဖို့ အခုလိုညွှန်ကြားရတာလို့ သိရပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ အကြမ်းဖက်အဖွဲ့တွေ စခန်းချနေပြီး စစ်သင်တန်းပေးနေတာ၊ လူစုဆောင်းတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
မောင်တောမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်ဝဲဒက်ချောင်းဖျားမှာ ဟင်းစားရှာသူနှစ်ဦး တိုက်ခိုက်ခံရတဲ့နေရာမှာလည်း အကြမ်းဖက်သမားတွေ နေထိုင်ခဲ့တဲ့စခန်းလို့ ယူဆရတဲ့ နေရာတခု တွေ့ခဲ့ပြီး အဲဒီမှာ ဆန်၊ ဆီ၊ ရိက္ခာ၊ ဘက္ထရီအိုး၊ ဆိုလာပြားတွေ တွေ့ရှိခဲ့ရပါတယ်။ မတ်လ ၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအနီးက လျှိုမြောင်ထဲမှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ လူနေတဲ အကြီး ၁ လုံး၊ အသေး ၃ လုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေ တွေ့ခဲ့ရပြီး လူအုပ်စုတစု နေထိုင်လှုပ်ရှား သွားခဲ့တယ်လို့ ယူဆကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
===================
251/End
၁၁ မတ် ၂၀၁၇ - ၁၈:၅၆
News ID: 817083
မောင်တောမြို့နယ်အတွင်း နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ဖို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက မတ်လ ၉ ရက်နေ့က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ညွှန်ကြားလိုက်ပါတယ်။