၁၃ မတ် ၂၀၁၇ - ၂၀:၂၇
နိုင်ငံ့ခေါင်းဆောင်များ မင်းကျင့်တရားဆယ်ပါးလိုက်နာကျင့်သုံးရန် မဟနဆရာတော်ကြီးတိုက်တွန်း နိုင်ငံ့ခေါင်းဆောင်များစုံညီစွာ သာသနာတော

မင်းကျင့်တရား ဆယ်ပါးကို လိုက်နာကျင့်သုံးကာ မိမိသားသမီးများကို စောင့်ရှောက် သကဲ့သို့ ပြည်သူပြည်သားအ ပေါင်းကို တရားဥပဒေနှင့်အညီ စောင့်ရှောက်သွားကြရန် နိုင်ငံ့ခေါင်းဆောင်များအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးက တိုက် တွန်းမိန့်ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မင်းကျင့်တရား ဆယ်ပါးကို လိုက်နာကျင့်သုံးကာ မိမိသားသမီးများကို စောင့်ရှောက် သကဲ့သို့     ပြည်သူပြည်သားအ ပေါင်းကို တရားဥပဒေနှင့်အညီ စောင့်ရှောက်သွားကြရန် နိုင်ငံ့ခေါင်းဆောင်များအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးက တိုက် တွန်းမိန့်ကြားသည်။

‘‘မင်းကျင့်တရား ဆယ်ပါးကို လိုက်နာကျင့်သုံးလျက် မိမိရင်မှ ဖြစ်သော သားသမီးများကို စောင့် ရှောက်သကဲ့သို့ ပြည်သူပြည်သား အပေါင်းကို တရားဥပဒေနှင့်အညီ စောင့်ရှောက်သွားကြရန်’’ တပေါင်းလပြည်နေ့ (မတ်လ ၁၂ ရက်)က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ပြု လုပ်သည့်  ၂၀၁၇ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရား ကြီးတိုက် အတုလကာရီဆင်မင်း ကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ မဟာထေရ်မြတ်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

 နေပြည်တော်ရှိ ဥပ္ပါတသန္တိ  စေတီတော်မြတ်ကြီးတွင် ပြုလုပ်သည့် သာသနာတော်ဆိုင် ရာဘွဲ့တံဆိပ်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့သည်။ ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌများနှင့် ပြည်ထောင် စုဝန်ကြီးများလည်း တက်ရောက် ပြီး ၀န်ကြီးဌာနအလိုက် ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ကြသည်။

နံနက်ပိုင်းတွင် သံဃာတော် များအား ဆွမ်းဆက်ကပ်ခဲ့ပြီး နေ့ လယ်၌ ဘွဲ့တံဆိပ်တော်ရဆရာ တော်ကြီးများ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် အပ်နှင်းခဲ့ပြီး ဆရာတော်ကြီးထံမှ သြ၀ါဒခံယူခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့် ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။ ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ် အပူဇော်ခံယူတော်မူ မည့် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ဆရာတော်ဘဒ္ဒန္တသြဘာသာဘိ ၀ံသက သမ္မောဒနီယသြ၀ါဒက ထာ မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။ ထို့နောက် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြရာ နိုင်ငံ တော်သမ္မတ ဦးထင်ကျော်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ ကိုင်းကုန်း ပါဠိတက္က သိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘိတနှင့် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင် စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက် ကပ်လှူဒါန်းခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ မကွေးတိုင်းဒေသကြီး ချောက်မြို့ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ၊ မန္တလေးတိုင်းဒေ သကြီး ချမ်းမြသာစည်မြို့နယ် အတုလကာရီဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသာဘိ ၀ံသနှင့် စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့အား ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဘွဲ့တံဆိပ်တော် ရ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ ကမမောင်းဗဟို သာသနာပြုဌာန ဆရာတော် ဘဒ္ဒန္တကုမာရနှင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အသော ကာရုံရေလည် ပရိယတ္တိစာသင် တိုက် ဆရာတော်ဘဒ္ဒန္တလာဘာ ၀တတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက် ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့ တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ချုံအင်းကျေး ရွာ သီရိမင်္ဂလာစာသင်တိုက်ဆရာ တော် ဘဒ္ဒန္တသြဘာသနှင့် ရှမ်းပြည် နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဟိုခုံ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇောတိကတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတော လမ်း ဘီးလင်းတိုက်သစ်ဆရာ တော် ဘဒ္ဒန္တပညောဘာသ၊ ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီစံပြကျေးရွာ ကမ်းနီပရိ ယတ္တိကျောင်းကြီး ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဓမ္မရာဇီက ဗုဒ္ဓဘာသာဘုန်းတော် ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သုဒ္ဓနန္ဒ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆောမြို့နယ် ရေရှင်ကျေးရွာ ရေရှင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇနနှင့် ရန်ကုန်တိုင်းဒေ သကြီး ရန်ကင်းမြို့နယ် ကျောက် ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒဓဇ တို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက် ကပ်လှူဒါန်းခဲ့သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်များရွေးချယ်မှုကို နိုင်ငံ တော်အဆင့် ဘွဲ့တံဆိပ်စစ်ဆေး ရွေးချယ်ရေးကော်မတီက ရွေး ချယ်ဆက်ကပ် ချီးမြှင့်ခြင်းဖြစ်ပြီး သာသနာရေးဦးစီးဌာနကသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ၂၃ မျိုးကို နှစ်စဉ် ဆက်ကပ် ချီးမြှင့် လျက်ရှိသည်။

အခမ်းအနားတွင် သံဃာတော် အရှင်မြတ် ၁၆၅ ပါး၊ သီလရှင် ဆရာကြီး ကိုးပါး၊ လူပုဂ္ဂိုလ်အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၂၁ ဦး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပေးအပ်ချီးမြှင့်ခဲ့သည်။

ညနေပိုင်းတွင် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ဆက်လက် ကျင်းပခဲ့ပြီး အစိုးရခေါင်းဆောင်များအားလုံး စုံညီစွာတက်ရောက်ပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များ လောင်းလှူပူဇော်ခဲ့ကြသည်။

===================
251/End