၂၂ မတ် ၂၀၁၇ - ၁၉:၂၆
တူရကီ နိုင်ငံသား တစ်ဦးမှ  ကအ်ဗာ ဝတ်ကျောင်းတော် အရှေ့ တွင် မိမိ၏ ရည်းစား (လက်ထပ် မည့်သူမ) အား လက်စွပ် ပေးအပ်ခဲ့

တူရကီ နိုင်ငံသား တစ်ဦးမှ မွတ်စလင်မ်များ အရို အသေ အလေးအမြတ် ထားသည့် ကအ်ဗာ ဝတ်ကျောင်းတော် အရှေ့ တွင် မိမိ၏ ရည်းစား (လက်ထပ် မည့်သူမ) အား လက်ထပ်ဖို့ စကား ပြော ဆိုပြီး လက်စွပ် ပေးအပ်ခဲ့ပါတယ်။ တူရကီ နိုင်ငံသား ဤ လုပ်ရပ်ကို ဆိုရှယ်မီဒီယာ များ အနေဖြင့် အပြင်းအထန် ဝေဖန် ပြောဆိုနေကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန မှ တူရကီ သတင်းဌာနများ မှ တဆင့် တူရကီ နိုင်ငံသား တစ်ဦးမှ   မွတ်စလင်မ်များ အရို အသေ အလေးအမြတ် ထားသည့် ကအ်ဗာ ဝတ်ကျောင်းတော် အရှေ့ တွင် မိမိ၏ ရည်းစား (လက်ထပ် မည့်သူမ) အား  လက်ထပ်ဖို့ စကား ပြော ဆိုပြီး လက်စွပ် ပေးအပ်ခဲ့ပါတယ်။ တူရကီ နိုင်ငံသား ဤ လုပ်ရပ်ကို ဆိုရှယ်မီဒီယာ များ အနေဖြင့် အပြင်းအထန် ဝေဖန် ပြောဆိုနေကြကြောင်း တင်ပြထားပါတယ်။

တူရကီ သတင်းထောက် ယူစွဖ်အက်ယူဝမ်း အနေဖြင့် မိမိလက်ထပ်ယူမည့် ရည်းစား ကို လက်ထပ်ဖို့ ပြောဆိုပြီး လက်စွပ်ကိုပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဤလုပ်ရပ်ကို ဗီဒီယို မှတ်တမ်းလည်း တင်ထား ကြောင်း သိရှိခဲ့ရပါတယ်။ ယူစွဖ်အက်ယူဝမ်း အနေဖြင့် မိမိ ရည်းစားအား  ငါတို့၏ အရိုအသေ အလေးအမြတ်ထားသည့် ကအ်ဗာဝတ်ကျောင်းတော်သည်  ဒီနေရာ မှာ ဖြစ်ပါတယ်။ ငါနည်းနည်းတော့ ဒုက္ခခံစားရပါတယ်။ဒါပေမဲ့ ငါရဲ့ ဒီလုပ်ရပ်ဟာ ကောင်းမြတ်တဲ့ လုပ်ရက်လို့ ထင်ပါတယ် ဟု ပြောကြားခဲ့ပါတယ်။

ယူစွဖ်အက်ယူဝမ်း ၏ ဤလုပ်ရပ်ကို လူအများသု မှ မခံမရပ် ဖြစ်နေကြပါတယ်။ ဤ အတွက် ကြောင့် မိမိ ၏ အကောင့်အား  ခဏ ယာယီ ပိတ်ထားကြောင်း သိရပါတယ်။

အများစု အမြင်မှာ ဤလုပ်ရပ်သည် ဂိုနာ ပြစ်မှု တစ်ခုခုထက်မနည်းကြောင်း  ကအ်ဗာကျောင်း တော် အား  မရိုမသေ မလေးမစားလုပ်ရမည်ကြောင်း ပြောကြားခဲ့ပါတယ်။

 ================

251/End