အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လောက်ကိုင်မြို့ မြန်မာ -တရုတ်နယ်စပ်အနီးတွင် တိုက် ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေလည်း တိုး လာနေဆဲဖြစ်ကြောင်း လောက် ကိုင်မြို့ခံများနှင့် ကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။
မတ်လ ၆ရက်က စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် MNDAA အဖွဲ့ကြား တိုက်ပွဲအတွင်း လောက်ကိုင်မြို့ လုံခြုံရေး အတွက် အရေးပါသော တောင်ကုန်းများကို တပ်မတော်က သိမ်းယူ ထားနိုင်သော်လည်း မြန်မာ-တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသော ရန်ကျင်းထင်ရွာအနီးတွင် မတ်လ ၂၂ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသတွင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။
‘‘ ရန်ကျင်းထင်နေရာမှာပဲ တစ်နေကုန်ဖြစ်နေတာ။ နယ်စပ် နဲ့ မီတာ ၅၀လောက်အကွာမှာရှိ နေတဲ့ နောက်ဆုံးရွာပေါ့။ အဲဒီ နေရာကနေ လောက်ကိုင်မြို့ထဲ ကို ပစ်တာမျိုးတွေရှိတယ်။ ရွာမှာ က အရပ်သားတွေမရှိတော့ဘူး။ ရှောင်သွားကြပြီ’’ဟု လောက်ကိုင် မြို့ခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံခဲ့ရသော ရန်လုံ ကျိုင်းနယ်စပ်ဂိတ်နှင့် ရဲစခန်း အနီးဝန်းကျင်ကို တပ်မတော်စစ် ကြောင်းက မတ်လ ၂၁ရက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက် ရာ ရန်လုံကျိုင်းရဲစခန်းအနီးရှိ အ ဆောက်အအုံများအတွင်း နယ် မြေရှင်းလင်းစဉ် စနိုက်ပါအပါအ ၀င် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်များမှာ တိုက် ပွဲဖြစ်ခါစကဲ့သို့ အုံလိုက်ကျင်း လိုက် တိမ်းရှောင်လာခြင်းမရှိ တော့သော်လည်း မတ်လ ၂၂ ရက်တွင် ၂၀ဦး၊ မတ်လ ၂၁ရက် တွင် ၈၀ဦး လားရှိုးမြို့ရှိ မန်ဆူ ရှမ်းကျောင်းကယ်ဆယ်ရေးစခန်း သို့ ရောက်ရှိလာကြောင်း ရှမ်း ပြည်နယ်လူမှုဝန်ထမ်းနှင့် ကယ် ဆယ်ရေးဦးစီးဌာန(လားရှိုး)မှ သ တင်းရရှိသည်။
===================
251/End
လောက်ကိုင်မြို့ မြန်မာ-တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးလာနေဟုဆို
၂၃ မတ် ၂၀၁၇ - ၁၅:၄၄
News ID: 819552
လောက်ကိုင်မြို့ မြန်မာ -တရုတ်နယ်စပ်အနီးတွင် တိုက် ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေလည်း တိုး လာနေဆဲဖြစ်ကြောင်း လောက် ကိုင်မြို့ခံများနှင့် ကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။