အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်သက်တမ်း တစ်နှစ်ကျော်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်သို့ ပြည်သူထံမှ တိုင်ကြားစာ ၉၀၀ခန့်ရောက်ရှိပြီး မြေယာတိုင်ကြား မှုသည် ၉၀ရာခိုင်နှုန်းအထိ ရှိနေ သည်။
သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရန်၊ မြေယာပိုင်ဆိုင် မှုအငြင်းပွားနေမှုများ ဖြေရှင်းပေး ရန်၊ မြေဂရန်အရှုပ်အရှင်းပြဿ နာများဖြေရှင်းပေးရန်စသည်တို့ အတွက် တိုင်ကြားကြသည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ် တော်၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌဦးဇော်မောင်မောင်ကပြော သည်။
တိုင်ကြားစာများနှင့်ပတ် သက်၍ လွှတ်တော်ဥက္ကဋ္ဌ ဦး ဆောင်ကာနယ်မြေခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဖြေရှင်းနေကြောင်း ၎င်းက ပြောသည်။
မြေယာနှင့်ပတ်သက်သည့် တိုင်ကြားစာများကို ဒုသမ္မတ ဥက္ကဋ္ဌတာဝန်ယူသောအုပ်ချုပ် ရေးအဖွဲ့နှင့် လွှတ်တော်ကိုယ်စား လှယ်များပါဝင်ကာ ပြည်ထောင်စု အဆင့်မှ မြို့နယ်အဆင့်အထိ ဖွဲ့ စည်းထားသည့် သိမ်းဆည်းခံ လယ်ယာမြေများပြန်လည်စိစစ် ရေးကော်မတီက စိစစ်ဖြေရှင်း ပေးမှုများလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။
‘‘တရားရေးနဲ့ပတ်သက်ပြီး တော့ တိုင်ကြားတာတွေလည်းရှိ ပါတယ်’’ဟု ပြည်ကြီးတံခွန်မြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်မောင်မောင်ကပြောသည်။
တရားရေးဆိုင်ရာတိုင်ကြား စာများနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်များက အ ခြေအနေကို လေ့လာခြင်း၊ တ ရားရေးဆိုင်ရာတာဝန်ရှိသူများ နှင့် မေးမြန်းဆွေးနွေးပေးခြင်းတို့ ဖြင့် ကူညီဖြေရှင်းပေးရန်လုပ် ဆောင်နေသည်ဟု ဦးဇော်မောင် မောင်ကပြောသည်။
လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိ သည့် တိုင်ကြားစာ၉၀၀ခန့်အ နက် တိုင်ကြားစာအစောင် ၂၀ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဦး ဆောင်ကာဖြေရှင်းပေးနိုင်ရန် လုပ်ဆောင်နေသလို တိုင်ကြားစာ ၂၃စောင်ကို တိုင်းအစိုးရ အဖွဲ့ဝန်ကြီးထံပေးပို့ကာ ဖြေရှင်း ပေးနိုင်ရန် ကြိုးစားနေသည်ဟုဆို သည်။
ပြီးခဲ့သည့် လွှတ်တော်သက် တမ်းအတွင်း မန္တလေးတိုင်း ဒေသကြီးသို့ မြေယာအရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ များ အများဆုံးတိုင်ကြားမှုရှိခဲ့ ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဟောင်းများကပြောသည်။
===================
251/End
၂၆ မတ် ၂၀၁၇ - ၁၆:၁၆
News ID: 820084
လွှတ်တော်သက်တမ်း တစ်နှစ်ကျော်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်သို့ ပြည်သူထံမှ တိုင်ကြားစာ ၉၀၀ခန့်ရောက်ရှိပြီး မြေယာတိုင်ကြား မှုသည် ၉၀ရာခိုင်နှုန်းအထိ ရှိနေ သည်။