အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ မြို့နယ်ထဲက ဆက်သွယ်ရေးအရ ခက်ခဲတဲ့ဒေသတွေနဲ့ အစိုးရ အစီအစဉ်နဲ့ မတည်ဆောက်နိုင်သေးတဲ့ ဒေသတွေကို ရွေးပီ ကျေးလက်ဆေးပေးခန်းတွေကို ကုလသမဂ္ဂ ဝန်ဆောင်မှုရုံးကတည်ဆောက်ပြီး လှူဒါန်း လျက်ရှိပါတယ်။
အင်္ဂပူမြို့နယ်မှာဆို ခုံကြီး၊ ဆုံကုန်း၊ ဂျို့ပင်၊ အင်းကောက် (၄) နေရာမှာ တည်ဆောက် လှူဒါန်းပါတယ်။
“UNDP က မြေနေရာအဆောက်အအုံတွေ လှူဒါန်းပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို လွှဲပြောင်းပေးတာပါ။ အင်္ဂပူမြို့နယ်ထဲကတော့ တခုမှာ ကျေးလက်ကျန်းမာရေးမှူးအဆင့် တာဝန်ယူပြီး ကျန်သုံးနေရာကိုတော့ ကျေးလက်ကျန်းမာရေး သားဖွားမီးယပ် ဆရာမ အဆင့်တာဝန်ယူမှာပါ။”လို ကွင်းကောက် တိုက်နယ် တာဝန်ခံဆရာဝန် ဒေါက်တာ ဇော်လင်းက ပြောပါတယ်။
ဒေသခံတွေကတော့ ခုလို တိုက်နယ်ဆေးရုံနဲ့ဝေးတဲ့နေရာတွေမှာ အလွယ်တကူ ကျန်းမာရေးစောင့်ရှောက်မူ ရရှိတော့ အဆင်ပြေ ပါတယ်လို့ ပြောပါတယ်။
ဖွင့်ပွဲ အခမ်းအနားတွေကိုတော့ မြို့နယ်အဆင့်က လူကြီးတွေ တက်ရောက်ပါတယ်။
ကုလ ဝန်ဆောင်မှုရုံးက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို အပြီးလွှဲပြောင်းထားတော့ မလာတော့ပါဘူးလို့ သိရပါတယ်။
===================
251/End
၂၆ မတ် ၂၀၁၇ - ၁၆:၅၀
News ID: 820090