၂၈ မတ် ၂၀၁၇ - ၁၄:၄၆
ဒုက္ခသည်အကြောင်းပြု၍ နိုင်ငံရေးစွက်ဖက်မှုများကို ကာကွယ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာ သို့ အသိပေးထားသော်လည်း ဘင်္ဂါလီအချို့၏ အကြမ်းဖက်မှု ကြောင့် ဖြစ်ပေါ်လာသော ဒုက္ခ သည်များကိုအကြောင်းပြု၍ နိုင်ငံ ရေးစွက်ဖက်မှုများကို တပ်မ တော်က ကာကွယ်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာ သို့ အသိပေးထားသော်လည်း ဘင်္ဂါလီအချို့၏ အကြမ်းဖက်မှု ကြောင့် ဖြစ်ပေါ်လာသော ဒုက္ခ သည်များကိုအကြောင်းပြု၍ နိုင်ငံ ရေးစွက်ဖက်မှုများကို တပ်မ တော်က ကာကွယ်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

‘‘လူမျိုးရေးနဲ့ပတ်သက်ပြီး တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိ ဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီး ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီများအနေနဲ့ မြန်မာတိုင်း ရင်းသားများမဟုတ်ဘဲ မြန်မာ နိုင်ငံမှာ လာရောက်နေထိုင်သူ တွေသာဖြစ်တယ်။ ၂၀၁၆ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအချို့ အကြမ်းဖက်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ သည်တွေကို အကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တွေ့ မြင်ရမှာဖြစ်တယ်။ တို့တွေအနေ နဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့် တာများ ဆောင်ရွက်ပေးဖို့ တာ ၀န်ရှိသလို နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့၊ ဘာသာရေးနဲ့လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိ တယ်’’ ဟု၎င်းကပြောသည်။

မတ်လ ၂၇ ရက်က နေပြည် တော်ရှိ စစ်ရေးပြကွင်းတွင်ကျင်းပ သော (၇၂) နှစ်မြောက် တပ်မ တော်နေ့စစ်ရေးပြအခမ်းအနား၌

ပြောကြားသော မိန့်ခွန်းတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

၂၁ ရာစုစစ်မြေပြင်တွင်နည်း ပညာသာလွန်သည့် တပ်မတော် ကသာ စစ်ပွဲကို အောင်မြင်မည် ဖြစ်၍ ၂၁ ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်သည့် တပ်မတော်ဖြစ် အောင် ကြိုးစားတည်ဆောက်ရ မည်ဟုလည်း တပ်ချုပ်ကပြော ကြားသည်။

ထို့အပြင် အမျိုးသားရေး ဦး တည်ချက်ဖြစ်သောပါတီစုံဒီမိုက ရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စိတ်ရင်းစေတနာအမှန်နှင့် အာ ဃာတအစွဲအလမ်းများမထားဘဲ ပူးပေါင်းတည်ဆောက်နေသည် ဟု တပ်ချုပ်ကပြောကြားသည်။

ပွင့်လင်းမြင်သာသော ဒီမို ကရေစီစနစ်တွင် နိုင်ငံရေးအယူ ၀ါဒ ကွဲလွဲမှုများကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း လည်း တပ်ချုပ်ကပြောသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က မိန့်ခွန်းတွင် အမျိုး သားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး အကြောင်းကို ထည့်သွင်းပြော ကြားခဲ့သည်။ ဖြတ်သန်းခဲ့သော သမိုင်းကြောင်းအရ အမျိုးသား နိုင်ငံရေးအင်အားစု အမှန်တ ကယ်လိုအပ်သည်ဟုလည်း တပ် ချုပ်ကပြောကြားသည်။

၂၀၁၆ အတွင်း ဖြစ်ပွားခဲ့ သော ရခိုင်မြောက်ပိုင်းဒေသ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အ ရှေ့ပိုင်း မုံးကိုးဒေသ၊လောက်ကိုင် ဒေသ အကြမ်းဖက်မှုများသည် နိုင်ငံအချုပ်အခြာအာဏာကို ထိ ပါး၍ တပ်မတော်က ကာကွယ် တိုက်ခိုက်ခဲ့ခြင်းဟု တပ်ချုပ်က ပြောသည်။

တပ်မတော်အနေဖြင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ စားရေးလိုအပ် ချက်ကို ကူညီရမည်ဟု တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ကြရာတွင် ချမှတ် ထားသော တပ်မတော်၏ငြိမ်းချမ်း ရေးမူဝါဒခြောက်ရပ်ဖြင့် နိုင်ငံ တော်အစိုးရဦးဆောင်မှုတွင် ပါ ၀င်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်မှတ်ထိုးရန် ကျန်ရှိသော  အ ဖွဲ့များကိုလည်း ဖိတ်ခေါ်တိုက် တွန်းနေကြောင်းတပ်ချုပ်ကပြော ကြားသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ စားရေးလိုအပ် ချက်ကို ကူညီရမည်ဖြစ်ပြီး ကုန် ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆင်းရဲ သူ၊၀င်ငွေနည်းပါးသူများ ၀န်ထုပ် ၀န်ပိုးမဖြစ်ရန် လိုအပ်ကြောင်း လည်း ၎င်းကပြောသည်။

(၇၂) နှစ်မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦး စီးချုပ်ပြောကြားသော မိန့်ခွန်း သည် မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့ ကာ တပ်မတော်၏သမိုင်းကြောင်း နှင့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ တို့လည်း ပါဝင်ခဲ့သည်။

တပ်မတော်နေ့စစ်ရေးပြ အ ခမ်းအနားတွင် သံချပ်ကာယာဉ် များ၊ တင့်ကားများ၊ ဒုံးများ၊ အ မြောက်ကြီးများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် အထူးတပ် ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး ကြည်း၊ ရေ၊ လေ စစ်ကြောင်းများမှ စစ် သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်းအင်အား ၁၀,၅၃၁ ဦး ချီတက်စစ်ရေးပြခဲ့ကြသည်။ ယခုနှစ်စစ်ရေးပြအခမ်းအနား ထူးခြားချက်အနေဖြင့် မြင်းစီးစစ်သည်တော်တပ်ဖွဲ့ ပါဝင်သည်။

တပ်မတော်နေ့ စစ်ရေးပြအ ခမ်းအနားသို့ အစိုးရအဖွဲ့ဝင်ပြည် ထောင်စု ၀န်ကြီးများ၊ ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊လွှတ် တော်ကိုယ်စားလှယ်များနှင့်နိုင်ငံ တကာသံတမန်များ တက်ရောက် ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ခြင်း မရှိပေ။

===================
251/End