၃၁ မတ် ၂၀၁၇ - ၁၄:၄၂
၈၈ မျိုးဆက်များပါဝင်မည့် နိုင်ငံရေးပါတီသစ် ၂၀၁၇ နှစ်ကုန်တွင် မှတ်ပုံတင်မည် ၂၀၂၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

၁၉၈၈ နိုင်ငံရေးလှုပ် ရှားမှုတွင် ဦးဆောင်ခဲ့သည့် ကျောင်းသားများပါဝင်မည့် နိုင်ငံ ရေးပါတီကို ၂၀၁၇ နှစ်ကုန်တွင် တရားဝင်မှတ်ပုံတင်ကာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ် ကြောင်း ပါတီဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ် ဦးဖြစ်သူ ဦးမင်းဇေယျကပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၁၉၈၈ နိုင်ငံရေးလှုပ် ရှားမှုတွင် ဦးဆောင်ခဲ့သည့်  ကျောင်းသားများပါဝင်မည့် နိုင်ငံ ရေးပါတီကို ၂၀၁၇ နှစ်ကုန်တွင် တရားဝင်မှတ်ပုံတင်ကာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ် ကြောင်း ပါတီဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ် ဦးဖြစ်သူ ဦးမင်းဇေယျကပြော သည်။

နိုင်ငံရေးပါတီတစ်ရပ် ပေါ် ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ကို မတ်လ ၃၀ ရက်က ရန်ကုန်မြို့ ၌ စတင်ကျင်းပခဲ့ရာ ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ၎င်းကယခု ကဲ့သို့ ပြောကြားသည်။

‘‘၂၀၁၇ နှစ်ကုန်ပိုင်း (သို့မ ဟုတ်) ၂၀၁၈ နှစ်ဆန်းပိုင်း လောက်မှာတရားဝင်ပါတီအဖြစ် နဲ့ ကျွန်တော်တို့ တရားဝင်လှုပ် ရှားမှုရဖို့ ရည်ရွယ်ထားတယ်။ ပါတီမှတ်ပုံတင်ကျလာပြီဆိုတဲ့ အခါကျမှ ၂၀၂၀ ရွေးကောက်ပွဲ ကိုဦးတည်ပြီး နိုင်ငံရေးပါတီရဲ့ လုပ်ငန်းစဉ် ဆက်ပြီးတော့ အ ကောင်အထည်ဖော်သွားမယ် ပေါ့’’ဟု ဦးမင်းဇေယျကပြော သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို မတ်လ ၃၀ ရက်တွင် ဆက် လက်ကျင်းပမည်ဖြစ်ပြီး ပါတီ မူ ၀ါဒပိုင်းဆိုင်ရာအကြံပြုချက်များ ရရှိရေး နိုင်ငံရေးလေ့လာ သုံး သပ်သူများနှင့် နိုင်ငံရေးပါတီ များမှ ပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ သည်။

‘‘ပါတီစတည်ကတည်းက နယ်ပယ်အသီးသီး၊ မျိုးဆက်အ သီးသီး၊ ဒေသအသီးသီးက ရဲ ဘော်တွေရဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးချက်တွေကို စုစည်းပြီး တော့မှ ကျွန်တော်တို့ပါတီရဲ့ မူ ၀ါဒရေးဆွဲတဲ့အခါမှာ ကျွန်တော် တို့စဉ်းစားထားတာတွေနဲ့၊ ၀ိုင်း ၀န်းဆွေးနွေးအကြံပြုတာတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြုနိုင်အောင် ကျွန်တော်တို့ ကြိုးစားတာဖြစ်ပါ တယ်’’ဟု ၈၈ မျိုးဆက်ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ကဆိုသည်။

ဆွေးနွေးပွဲသို့ ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်အဖွဲ့အစည်းများ က အကြံပြုစာတမ်းများ ပေးပို့ရာ တွင် ပါတီအမည်ကို ‘‘ရှစ်လေး လုံးပါတီ’’ဟု အမည်ပေးရန် အ ကြံပြုချက် ပါဝင်သည်။

သို့ရာတွင် ပါတီအမည် ပေးရေးအပါအ၀င် ပါတီဖွဲ့စည်း ပုံကိစ္စများကို နှစ်ရက်တာတွေ့ဆုံ ဆွေးနွေးပွဲ ရလဒ်များအပေါ် အ  ခြေခံပြီးအသေးစိတ် ညှိနှိုင်းဆုံး ဖြတ်မည်ဟု ဦးမင်းဇေယျက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလိုအပ် ချက်နှင့် ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရာတွင် တစ်တပ်တစ် အားပံ့ပိုးဆောင်ရွက်လိုခြင်း ရည် ရွယ်ချက်ဖြင့် ပါတီသစ်ထူထောင် နိုင်ရေး ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲပထမနေ့တွင် ပါတီမူဝါဒပိုင်းဆိုင်ရာ အကြံပြု ချက်များနှင့်ပတ်သက်ပြီး တိုင်း ရင်းသားတန်းတူရေးနှင့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ပေါက်ရေး၊ အရပ်ဘက်၊စစ်ဘက် ဆက်ဆံရေး ခေါင်းစဉ်များကို ဦး ကျော်ဝင်း၊ ဦးကိုကိုကြီး၊ စိုင်းညွန့် လွင်၊ ဦးဦးလှစော၊ ဦးမင်းဇင်တို့ က ဆွေးနွေးခဲ့ကြောင်း  သိရ သည်။ ထို့အပြင် နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခေါင်းစဉ်များကို ဦးမင်းဇေယျ၊  ဦးတင်မောင်သန်း(သင့် ဘ၀)၊ ဦးဘိုကြည်၊ မင်းခင်မောင်ရင်တို့က ဆွေးနွေးခဲ့ကြောင်းသိရ သည်။

===================
251/End