အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေမာမ်အလီနကီ (အ.စ) မိန့်တော်မူ သည်။
(၁) အကြင်မည်သူ မဆို အလ္လာဟ်ဟို အရှင်မြတ် သခင်အား ကြောက်လန့်မည်ဆိုလျှင် လူထု အနေဖြင့်လည်း ၎င်းကိုကြောက်လန့်ပေမည်။အကြင်မည်သူမဆို အလ္လာဟ် ဟိုအရှင်မြတ် သခင်၏ အမိန့်ကို နာခံမည်ဆိုလျှင် လူထု အနေဖြင့်လည်း ၎င်း၏အမိန့်ကို နာခံပေမည်။ အကြင်မည်သူ မဆို ဖန်ဆင်းရှင်(အလ္လဟ်ဟို အရှင်မြတ် ) ၏အမိန့်ကိုနာခံမည်ဆိုလျှင် ၎င်းအနေဖြင့် အဖန်ဆင်းခံများ ၏ စိတ်ဆိုးမည်ကိုဂရုပြု ၊ဂရုစိုက်မည် မဟုတ်ချေ။ အကြင်မည်သူ မဆို ဖန်ဆင်းရှင်(အလ္လဟ်ဟို အရှင်မြတ် ) အား စိတ်ဆိုးအောင် အမျက်ထွက် အောင်ပြု မည်ဆိုလျှင် ၎င်းအနေဖြင့် အဖန်ဆင်း ခံ များ ၏ စိတ်ဆိုးမှုကိုလည်း ရင်ဆိုင်ရပေမည်။
ဗေဟာရွလ်အန်ဝါရ် ကျမ်း အတွဲ ၆၈ ၊စာမျက်နှာ ၁၈၂
အေမာမ်အလီနကီ (အ.စ) မိန့်တော်မူ သည်။
(၂) အသင်မုန်းတီးသူထံမှ အချစ်မေတ္တာ ရဖို့ မကြိုးစားပါနှင့်။ အသင်မကောင်းမြင်နေသူထံမှ အကောင်းမြင်ပေးမှု ကိုမမျှော်လင့် ပါနှင့် ။ အကြောင်းမှာ သူတစ်ပါး၏ နှလုံးသား သည်လည်း အသင် ၏ နှလုံး သားပမာ ဖြစ်ပါသည်။
အေအ်လါမ်မွဒ်ဒီးန် ၊ စာမျက်နှာ ၃၁၂
အေမာမ်အလီနကီ (အ.စ) မိန့်တော်မူ သည်။
(၃) မနာလိုဝန်တိုမှုသည် ကောင်းမှု ကုသိုလ်များ ကို ဖျက်စီးစေပါသည်။ မာန်မာနသည် ရန်ငြိုးကို ဖြစ်စေပါသည်။ မိမိကိုယ်ကို အထင်ကြီးခြင်းသည် ပညာ ဆည်းပူးရန် အတား အဆီးကို ဖြစ်စေပါသည်။ နှိမ့်ချ မှုကြောင့် ပညာမဲ့ မှုကို ဖြစ်စေပါသည်။ စေးနည်းခြင်းသည် ကိုယ်ကျင့်တရား အတွက် ကြီးမားသည် အဆိပ်အတောက်ကို ဖြစ်စေပါသည်။ လောဘရမက်သည် အလွန်ဆိုးသည့် အကျင့် ဖြစ်ပါသည်။
ဗေဟာရွလ်အန်ဝါရ် ကျမ်း အတွဲ ၆၉ ၊စာမျက်နှာ ၁၉၉
အေမာမ်အလီနကီ (အ.စ) မိန့်တော်မူ သည်။
(၄) ပြက်ရယ်ပြု ပြောင်လောင် ခြင်းသည် ဦးနှောက်မရှိသူများ၏ စတိုင်ဖြစ်ပြီး ဂျာဟေလ် (ပညာမဲ့)များ ၏လုပ်ရပ် ဖြစ်ပါသည်။
ဗေဟာရွလ်အန်ဝါရ် ကျမ်း အတွဲ ၇၅ ၊စာမျက်နှာ ၃၆၉
အေမာမ်အလီနကီ (အ.စ) မိန့်တော်မူ သည်။
(၅) လူတွေ ၏ အဆင့်အတန်း ဟာ လောကီမှာ ပစ္စည်းဥစ္စာဖြစ်ပြီး အာခေရသ် လောကုတ္တရာ မှာ ကျင့်ဆောင်ချက်များ ဖြစ်ပါသည်။
အအ်ယာနွရှ်ရှီအာကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၉
===========================
251 /End