၃ ဧပြီ ၂၀၁၇ - ၁၈:၅၈
ကယားပြည်နယ် ဥက္ကဋ္ဌနှင့် ဖရူဆို မြို့နယ် ဥက္ကဋ္ဌတို့ကို NLD ပါတီတာဝန်များမှ ရပ်ဆိုင်း

ရန်ကုန်၊ ဧပြီ ၃ ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ နောက်ကျမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကယားပြည်နယ်ဥက္ကဌဖြစ်သူ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ်ဥက္ကဋ္ဌ ဖြစ်သူ ဦးပဲ့ဒူတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းကြောင်း NLD ပါတီက ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ ဧပြီ ၃ ။        ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ နောက်ကျမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကယားပြည်နယ်ဥက္ကဌဖြစ်သူ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ်ဥက္ကဋ္ဌ ဖြစ်သူ ဦးပဲ့ဒူတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းကြောင်း NLD ပါတီက ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"ပြီးခဲ့တဲ့သုံးလလောက်က စစ်ဆေးပြီးပြီ၊ အဲ့ဒီစစ်ဆေးချက်အရ CEC က ဆုံးဖြတ်တာပါ၊ ပါတီတာဝန်များက ရပ်ဆိုင်းတာပါ၊ သာမန်ပါတီဝင်အဖြစ်တော့ ရှိနေမှာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဧပြီလ ၂ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာခင်စည်သူနှင့် ဦးပဲ့ဒူတို့ နှစ်ဦးကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူ နှင့် ဦးပဲ့ဒူတို့အား မဇ္ဈိမမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပေ။

NLD အနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော်က ၀င်ပြိုင်မည့် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က ၀င်ပြိုင်မည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းမှု နောက်ကျခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု မရခဲ့ပေ။

ယင်းအတွက်ကြောင့် ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ၁၉ နေရာကျင်းပခဲ့ရာ NLD အနေဖြင့် ၁၈ နေရာပဲ ၀င်ပြိုင်ခဲ့ရသည်။ NLD ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့သည့် ဖရူဆိုမဲဆန္ဒယ်အမှတ်(၁) တွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က အနိုင်ရရှိခဲ့သည်။

===================
251/End