၄ ဧပြီ ၂၀၁၇ - ၁၈:၄၆
မန္တလေးတိုင်းအတွင်းရှိ သက်တမ်းကြာမြင့်ကာ ဟောင်းနွမ်းဆွေးမြေ့နေသည့် ရဲစခန်း အဆောက်အဦး ၈၆လုံးကို ပြုပြင်မည်

မန္တလေး၊ ဧပြီ ၄ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် ရဲစခန်းများမှ သက်တမ်းကြာမြင့်၍ ဟောင်းနွမ်းဆွေးမြေ့နေသည့် လူနေထိုင်ရာမသင့်တော်သော အဆောက်အဦး ၈၆ လုံးကို ပြုပြင်တည်ဆောက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေး၊ ဧပြီ ၄ ။       ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် ရဲစခန်းများမှ သက်တမ်းကြာမြင့်၍ ဟောင်းနွမ်းဆွေးမြေ့နေသည့် လူနေထိုင်ရာမသင့်တော်သော အဆောက်အဦး ၈၆ လုံးကို ပြုပြင်တည်ဆောက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။

ဧပြီလ ၄ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး(စတုတ္ထနေ့)တွင် ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုဝင်များ၏ နေအိမ်အဆောက်အဦးများအား တိုးချဲ့ ပြင်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်ခြင်းနှင့်ပတ်သက်ပြီး နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းဆက်လက်ဖြေကြားရာတွင် ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ ၂၀၁၆ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က တင်ပြထားရှိဖြစ်ကြောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်ကဆိုသည်။

အဆိုပါအဆောက်အဦးများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အဆင့် ၃ဆင့်ခွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

===================
251/End