အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ကာရာအိုကေဆိုင်များတွင် မီး ဘေးကြိုတင်ကာကွယ်ရေး လုပ် ဆောင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မုံရွာခရိုင်နှင့် မြို့နယ်မီး သတ်တပ်ဖွဲ့ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာရာအိုကေဆိုင်လုပ် ငန်းများ မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ဧပြီ ၅ ရက်က စတင် စစ်ဆေးနေကြောင်း မြို့နယ် မီး သတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။
‘‘စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ ကေတီဗီစားသောက်ဆိုင် ၁၂ ဆိုင်ကို မီးဘေးကြိုတင်ကာကွယ် ရေးဆိုင်ရာ လုပ်ငန်းတွေ စစ်ဆေး ပြီးပါပြီ။ နောက်ထပ် အိုးဘို ထောင်ရပ်ကွက်နဲ့ မြို့သစ်ရပ် ကွက်အတွင်း ကေတီဗီစား သောက်ဆိုင်တွေကို ဆက်လက် စစ်ဆေးမယ်။ ကျန်တဲ့ ရပ်ကွက် တွေမှာရှိတဲ့ ကေတီဗီစားသောက် ဆိုင်တွေလည်း စစ်ဆေးသွားမှာ ပါ’’ဟု ၎င်းက ဆိုသည်။
မုံရွာမြို့ပေါ်ရှိ ကေတီဗီစား သောက်ဆိုင်များတွင် စားသောက်ဆိုင်ချက်ပြုတ်ခန်း မီးသုံးစွဲမှု၊ ဂက်စ်အိုးအသုံးပြုမှု၊ ကေတီဗီ စားသောက်ခန်း လျှပ်စစ်မီးသွယ် တန်းထားရှိမှု၊ စားသောက်ဆိုင်အ တွင်း ဝင်ပေါက်၊ ထွက်ပေါက်၊ မီး သတ်ဆေးဘူး အသင့်ထားရှိမှု၊ စက်သုံးဆီသိုလှောင်မှု၊ မီးသတ် ရေကန်ထားရှိမှု စသည့်မီးဘေး ကြိုတင်ကာကွယ်ရေးအချက်များ စစ်ဆေးဆောင်ရွက်ခဲ့သည်။ ကာရာအိုကေဆိုင်တစ်ဆိုင်လျှင် အနည်းဆုံး မီးသတ်ဆေးဘူး ၁၀ ဘူးထားရှိရန် ညွှန်ကြားထားကြောင်း ဦးညီညီဇော်က ပြောကြားသည်။
မုံရွာမြို့ ကာရာအိုကေဆိုင် လုပ်ငန်းပိုင်ရှင်တစ်ဦးက ‘‘မုံရွာ မှာတော့ ကေတီဗီဆိုင်မှာ မီးလန့် တာ၊ မီးလောင်တာတော့ မကြုံဖူး ပါဘူး။ ဟိုတစ်လောက မကွေး မြို့က ကေတီဗီဆိုင်မီးလောင်လို့ လူတွေ သေတာတော့ရှိတယ်။ အခုလို တာဝန်ရှိသူတွေက မီး ဘေးကြိုတင်ကာကွယ်ရေးနဲ့ပတ် သက်ပြီး အကြံဉာဏ်ပေးတာ စစ် ဆေးပေးတာ ပိုကောင်းတာပေါ့’’ ဟု ပြောသည်။
ဧပြီ ၂ ရက်ညက မကွေးမြို့ ရွှေမြတ်မင်းသမီး ကေတီဗီစား သောက်ဆိုင်တွင် မီးလောင်မှုဖြစ် ပွားခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုး သမီးလေးဦး မီးလောင်သေဆုံးခဲ့ ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
===================
251/End
၇ ဧပြီ ၂၀၁၇ - ၁၂:၂၀
News ID: 822446
မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ကာရာအိုကေဆိုင်များတွင် မီး ဘေးကြိုတင်ကာကွယ်ရေး လုပ် ဆောင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။