၂၃ ဧပြီ ၂၀၁၇ - ၁၉:၂၈
မန္တလေး စည်ပင်ကော်မတီဝင်များ စင်ကာပူသို့ ကိုယ်ပိုင်ငွေကြေးဖြင့် လေ့လာရေးခရီးသွားရောက်

ဒုတိယမြို့တော်ဝန်အပါ အဝင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ရှစ်ဦးသည် စင်ကာပူနိုင်ငံသို့ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ လေ့လာ ရေးခရီး သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒုတိယမြို့တော်ဝန်အပါ အဝင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ရှစ်ဦးသည် စင်ကာပူနိုင်ငံသို့ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍    လေ့လာ ရေးခရီး   သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၁၈ ရက်မှ ၂၅ ရက်အ ထိ ရက်သတ္တပတ်ခန့်ကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် စင်ကာပူ နိုင်ငံ၏ ရေဆိုးသန့်စင်မှု၊ အမှိုက် မှ စွမ်းအင်ထုတ်လုပ်မှု၊ ယာဉ်စည်းကမ်းထိန်းသိမ်းမှု၊    ဈေးစနစ် စသည်တို့ကို လေ့လာမည်ဖြစ် ကြောင်း ယင်းခရီးစဉ်၌ ပါဝင် သည့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင်    ဦး ကျော်ဆန်းမြင့်က ပြောသည်။

စင်ကာပူနိုင်ငံ၏ အစိုးရ လုပ်ငန်းများ    လေ့လာနိုင်ရန် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ကြို တင်စီစဉ်ပေးပြီး မြန်မာသံအမှု ထမ်းများအပါအဝင် စင်ကာပူ ရောက်မြန်မာများနှင့် တွေ့ဆုံ ခြင်း၊ စင်ကာပူရောက် မြန်မာများ ၏ ကျွမ်းကျင်မှုအကူအညီများ ရရှိနိုင်ရန် ဆွေးနွေးခြင်းများ ပြု လုပ်မည်ဖြစ်ကာ ခရီးစဉ်တစ် လျှောက် ကုန်ကျစရိတ်ကို ကော် မတီဝင်များက ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ကုန်ကျခံကာ သွား ရောက်လေ့လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ့်စရိတ်နဲ့ ကိုယ်ပါ။ စည်ပင်ငွေနဲ့ဆို အခွင့်ထူးခံရာကျ မှာစိုးလို့ပါ’’ဟု ဦးကျော်ဆန်းမြင့် က ပြောသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အတွေ့အကြုံဗဟုသုတများ လိုအပ်၍ ယခုကဲ့သို့ သွားရောက် လေ့လာခြင်းဖြစ်ကြောင်း၊ ငွေကြေးစိုက်ထုတ်ကုန်ကျခံရခြင်း သည် လေ့လာရေးခရီးများ သွားရောက်ရန် နိုင်ငံ့ဘဏ္ဍာငွေသုံးစွဲ ခွင့်မရှိ၍ဖြစ်ကြောင်း ကော်မတီဝင်များ၏ စင်ကာပူလေ့လာရေး ခရီးနှင့်ပတ်သက်၍ မန္တလေးမြို့ တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

‘‘စည်ပင်သာယာအနေနဲ့ ဝန်ကြီးအပါအဝင် မည်သူတစ်ဦး တစ်ယောက်မှ   နိုင်ငံတော်ငွေ အကုန်အကျခံပြီး သွားခွင့်မရှိဘူး။ တခြားဌာနတွေလည်း အတူတူပါ ပဲ။ လေယာဉ်ခမပါလို့ ကျွန်တော့် ကို ဖိတ်တာ ငြင်းရတာ ငါးခါရှိ ပြီ။ ဒါပေမဲ့ ဟိုမှာ သွားလေ့လာ ခွင့်ရအောင်   စင်ကာပူသံရုံးကို ကျွန်တော်   ချိတ်ဆက်ပေးပါ တယ်’’ဟု ဒေါက်တာရဲလွင်က ပြောသည်။

စင်ကာပူနိုင်ငံသို့   သွား ရောက်လေ့လာပြီး မန္တလေးသို့ ပြန်လည်ရောက်ရှိလျှင် အိုင်တီနည်းပညာနှင့် သက်ဆိုင်သည်များကို ဦးစားပေးအသုံးချမည်ဖြစ် ကြောင်း သွားရောက်လေ့လာနေ မည့် မန်းစည်ပင်ကော်မတီဝင်များ က ဆိုသည်။

===================
251/End