အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူး တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ပြီး ခရီးသွားပြည်သူများအား ယမန်နေ့ နံနက်က စ၍ ဖြတ်သန်းခွင့်ပြုခဲ့သည်။ဧပြီ ၂၆ ရက် ည ၉ နာရီတွင်ဗိုလ်ချုပ်အောင်ဆန်း (ဘီလူး ကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။
တံတား ဖြတ်သန်းချိန်ကို နံနက် ၅ နာရီမှ ည ၁၀ နာ ရီထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
‘‘နံနက် ၅ နာရီမှ ည ၁၀ နာ ရီအချိန်ထိ ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း)မှ ပြည်သူ အပေါင်းဖြတ်သန်းနိုင်ပါပြီ။ မွန် ပြည်နယ်တိုးတက်ပါစေ၊ ပြည်သူ အပေါင်း နှလုံးစိတ်ဝမ်းအေးချမ်း ပါစေ’’ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
‘‘တံတားဖွင့်မယ့်ရက်ကို အ တိအကျ မသိသေးဘူး။ အခုတံ တားဖွင့်ပွဲ မလုပ်ရသေးဘူး။ ပြည် သူတွေကို အရမ်းပေးသွားချင်လို့ ပြည်သူတွေကို ဦးစားပေးပြီး ဖြတ် သန်းခွင့် ပြုလိုက်တာပါ။ ဒီလို ဖြတ်သန်းခွင့်ပြုနေတဲ့အချိန်မှာ တံတားခံနိုင်ဝန်ကို စမ်းသပ်မှုပြန် လုပ်မယ်။ တံတားဖြတ်သန်းမှုအ တွက် ငွေကြေးကောက်ခံဖို့ အစီ အစဉ်မရှိသေးပါဘူး’’ဟု မွန်ပြည် နယ်လမ်းတံတားဦးစီးဌာန ပြည် နယ်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း (ဘီ လူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ် တင်ခြင်းအပေါ် ပြောကြားနေမှုများသည် ဝေဖန်နေခြင်းမဟုတ်ဘဲ ဖွခြင်းသာဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။
‘‘အဲဒါ ဝေဖန်တာမဟုတ်ဘူး ဗျ။ အဲဒါ ဖွတာ ဖွတာ။ ဖွတဲ့သူ တွေ ဘယ်သူလဲဆိုတာလည်း မသိဘူး မဟုတ်ဘူး။ သိတယ်’’ဟု ဒေါက်တာအေးဇံက 7Day Daily သတင်းစာအား ဧပြီ ၂၇ ရက်က ဖုန်းဖြင့် ဖြေကြားခဲ့သည်။
ထို့အပြင် တံတားဖွင့်ပွဲကို ခမ်းခမ်းနားနား ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများ တက်ရောက်မည်ဟု ဒေါက်တာအေးဇံက ပြောသည်။ သို့သော် တံတားဖွင့်ပွဲပြုလုပ်မည့် အချိန်ကို အတိအကျပြောကြားခြင်းမရှိဘဲ ပြုလုပ်မည့် အချိန်ကို ထုတ်ပြန်ပေးမည်ဟုသာ ပြောသည်။
‘‘ဆိုင်းဘုတ်တင်ပြီး အများ သူငါ ဖြတ်သန်းခွင့်ပြုလိုက်တယ် ပေါ့ဗျာ။ မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ နေ့တိုင်း ဆက် တိုက်ပဲပေါ့။ တံတားဖွင့်ပွဲပြီးတာ နဲ့ ၂၄ နာရီ ပေးဖြတ်မှာပေါ့’’ဟု ဒေါက်တာအေးဇံက ပြောကြားသည်။
ဧပြီ ၂၇ ရက် နေပြည်တော် သို့ လာရောက်စဉ် မွန်ပြည်နယ် ဝန်ကြီးချုပ်သည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ထူးထူးခြားခြား ဆွေးနွေးခဲ့မှုမရှိကြောင်း ဒေါက်တာအေးဇံက ပြောကြားသည်။
ထိုတံတားကို ဧပြီ နောက် ဆုံးပတ်အတွင်း Loading Test (တံတားခံနိုင်ရည်အား စစ်ဆေးမှု) ပြုလုပ်ထားပြီးဖြစ်သောကြောင့် အများပြည်သူသွားလာမှု အဆင် ပြေပြီဟု ၎င်းကဆိုသည်။
ထို့တံတားကို သံလွင်တံတား(ချောင်းဆုံ)အမည်အစား ဗိုလ် ချုပ်အောင်ဆန်းအမည်ပေးခြင်း ကြောင့် မွန်တိုင်းရင်းသားအများ စုက နှစ်ကြိမ်တိုင် ကန့်ကွက်ဆန္ဒပြခဲ့သည်။
‘‘ဘာနာမည်ပဲပေးပေး သွား လာရေး အဆင်ပြေဖို့အရေးကြီး တယ်။ ဒီနေ့ဆို အရမ်းပျော်တယ်။ ချောင်းဆုံမြို့နယ်မှာရှိတဲ့ ကျေး ရွာအားလုံးပေါင်းပြီး ဒီတံတား ဆောက်ရင်တောင်မှ တည်ဆောက်လို့ မရဘူး။ ကျွန်တော်တို့အတွက် အိပ်မက်တံတားပါ’’ဟု ချောင်းဆုံ မြို့နယ် ကညှော်ကျေးရွာနေ ဦး အောင်မြင့်စိန်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း တံ တား(ဘီလူးကျွန်း)ကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် ၂၀၁၅ ဖေဖော်ဝါရီက စတင် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။ တံတားအရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွား သံမဏိသံပေါင်ခုံးတံတား ဖြစ်သည်။
===================
251/End
ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု တံတားဖွင့်ပွဲ ခမ်းခမ်းနားနား ကျင်းပမည်ဖြစ်ပြီး ဆိုင်းဘုတ်တင်ခြင်
၂၈ ဧပြီ ၂၀၁၇ - ၁၃:၂၆
News ID: 826521
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူး တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ပြီး ခရီးသွားပြည်သူများအား ယမန်နေ့ နံနက်က စ၍ ဖြတ်သန်းခွင့်ပြုခဲ့သည်။ဧပြီ ၂၆ ရက် ည ၉ နာရီတွင်ဗိုလ်ချုပ်အောင်ဆန်း (ဘီလူး ကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။