၂၉ ဧပြီ ၂၀၁၇ - ၁၃:၁၃
အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့၌ ဧပြီ ၂၉ ရက်(ယနေ့) တွင် ကျင်းပမည့် အကြိမ် (၃၀)မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ထိပ်သီးအစည်းအ ဝေးများသို့တက်ရောက်ရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် ဧပြီ ၂၈ ရက်၌ မနီ လာမြို့သို့ သွားရောက်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့၌ ဧပြီ ၂၉ ရက်(ယနေ့) တွင် ကျင်းပမည့် အကြိမ် (၃၀)မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ထိပ်သီးအစည်းအ ဝေးများသို့တက်ရောက်ရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် ဧပြီ ၂၈ ရက်၌ မနီ လာမြို့သို့ သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် ဗီယက်နမ်ဝန် ကြီးချုပ် H.E.Mr.Nguyen Xan Phuc နှင့် ဧပြီ ၂၈ ရက်ညနေ တွင် Manila Diamond Hotel ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ နှစ် နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး ကို အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးချဲ့သွားရေး၊ အာ ဆီယံဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရေးတို့ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း နိုင်ငံပိုင်မီဒီယာများ က ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာ၌ နာနတ်နှင့် ငှက်ပျောမျှင် တို့ဖြင့် ဖိလစ်ပိုင်ရိုးရာအ၀တ်အ ထည်နှင့် အသုံးဆောင်များ ရက် လုပ်သည့်ရက်ကန်းသရုပ်ပြပွဲသို့ လေ့လာကြည့်ရှုသည်။ ညနေ တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်ပြီး မြန်မာ သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံရှိ မြန်မာမိ သားစုများနှင့် တွေ့ဆုံခဲ့သည်။

အကြိမ်(၃၀)မြောက် အာဆီ ယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဒုတိယ၀န်ကြီးဦး ကျော်တင်၊ အာဆီယံဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးမင်းလွင်၊ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့် မြင့်အရာရှိကြီးများ၊ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများ တက် ရောက်မည်ဖြစ်သည်။

မနီလာမြို့ရှိ ဖိလစ်ပိုင်အ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင် တာ၌ ဧပြီ ၂၈ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၅) ကြိမ် မြောက် အာဆီယံနိုင်ငံရေးနှင့် လုံ ခြုံရေးအသိုက်အ၀န်းကောင်စီ အစည်းအဝေးနှင့် (၁၉) ကြိမ် မြောက် အာဆီယံပူးပေါင်းညှိနှိုင်း ရေးကောင်စီအစည်းအဝေးတို့ကို ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးများ ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်တင်ခေါင်း ဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

၂၀၁၆ တွင် ကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ် မြောက်အာဆီယံထိပ်သီးအစည်း အဝေးတို့၌ အာဆီယံခေါင်း ဆောင်များချမှတ်ခဲ့သည့်ဆုံးဖြတ် ချက်များနှင့် လုပ်ငန်းစဉ်များ အ ကောင်အထည်ဖော်ဆောင်နေမှု၊ ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိသည့် လုပ် ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အကြိမ်(၃၀)မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြ မည့် အာဆီယံအတွင်းရေးမှူးချုပ် ၏ အစီရင်ခံစာများနှင့် ထိပ်သီးအ စည်းအဝေးတွင် ထုတ်ပြန်မည့် ကြေညာချက်များကို အတည်ပြု ဆွေးနွေးခဲ့ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

===================
251/End