၃၀ ဧပြီ ၂၀၁၇ - ၁၅:၅၆
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်ကြောင့် နှစ်နိုင်ငံစစ်ဘက်ပူးပေါင်းရေး အလားအလာကောင်းဟု ရုရှားပြောကြား

မြန်မာတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ လာမည့် ရုရှားခရီးစဉ်ကြောင့် မြန်မာ-ရု ရှားစစ်ဘက်ပူးပေါင်းမှု အလား အလာကောင်းဟု မြင်ကြောင်း ရုရှားကာကွယ်ရေးဒုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင် က ဧပြီ ၂၇ ရက်တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ လာမည့် ရုရှားခရီးစဉ်ကြောင့် မြန်မာ-ရု ရှားစစ်ဘက်ပူးပေါင်းမှု အလား အလာကောင်းဟု မြင်ကြောင်း ရုရှားကာကွယ်ရေးဒုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင် က ဧပြီ ၂၇ ရက်တွင် ပြောသည်။

နိုင်ငံတကာ လုံခြုံရေးဆိုင် ရာ မော်စကိုညီလာခံအတွင်းကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့် နွယ်နှင့် ရုရှားကာကွယ်ရေးဒုဝန် ကြီး ဒုဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖိုမင်တို့ သီးသန့်တွေ့ဆုံကြရာ တွင် ထိုကဲ့သို့ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

‘‘မြန်မာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ယခုနွေရာသီ မှာ ရုရှားကို တရားဝင်လာမယ့် ခရီးအရ စစ်ဘက်နဲ့ စစ်ဘက် နည်းပညာဆိုင်ရာ နယ်ပယ်တွေ မှာ ပူးပေါင်းဆောင်ရွက်မှုအလား အလာမျှော်လင့်ချက်ကောင်းတွေ ကို ကျွန်တော်တို့မြင်ပါတယ်’’ ဟု ဒုဗိုလ်ချုပ်ကြီးအလက်ဇန္ဒားဖိုမင်က ပြောသည်။

နှစ်နိုင်ငံကြား စစ်ဘက်နှင့် စစ်ဘက်နည်းပညာပူးပေါင်းမှု တိုးတက်ရေးဆိုင်ရာ တက်တက် ကြွကြွဆောင်ရွက်မှုအတွက် မြန် မာစစ်ဘက် - နိုင်ငံရေးထိပ်သီး ခေါင်းဆောင်မှုကို ကျေးဇူးတင် သည်ဟု ရုရှားကာကွယ်ရေးဒုဝန် ကြီးက ဆိုသည်။  မြန်မာကာကွယ် ရေးဒုဝန်ကြီး တက်ရောက်နေ သော မော်စကိုညီလာခံ၌ နိုင်ငံ တကာဆက်ဆံရေးတွင် စစ်တပ် ကဏ္ဍမြင့်တက်လာနေပြီး ယင်း က ရှေ့ဆက် စစ်ဘက်-နိုင်ငံရေး အခြေအနေတိုးတက်မှုအပေါ် ဩ ဇာလွှမ်းမိုးနေကြောင်း ဆွေးနွေး ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိ သည်။ လုံခြုံရေးဆိုင်ရာအတွက် နိုင်ငံအသီးသီး၌ မတူညီသော ချဉ်းကပ်နည်းများရှိသော်လည်း မော်စကိုညီလာခံတက်ရောက် သောနိုင်ငံများအနေဖြင့် ‘စစ်ပွဲ များမရှိသောကမ္ဘာတွင် နေထိုင် ရန်’ ဆိုသော ဘုံရည်မှန်းချက် တစ်ချက်ရရှိခဲ့ကြောင်း ရုရှားကာ ကွယ်ရေးဒုဝန်ကြီးက ပြောသည်။

အဆိုပါသတင်းနှင့်ပတ် သက်၍ တပ်မတော်ပြောရေးဆို ခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းရာ နောက်မှ ဆက်သွယ်ရန် ပြော ကြားသည်။ ခရီးစဉ် ရက်အတိ အကျကို ထုတ်ပြန်မှုမရှိသေး သော်လည်း ရုရှား၏ နွေရာသီမှာ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်တို့ဖြစ် သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနအဆိုအရ မြန်မာ့တပ်မ တော်အရာရှိကြီးသုံးဦးသည် ပြီး ခဲ့သည့်နှစ်က ရုရှားသို့ အလည် အပတ် သွားရောက်ခဲ့သည်။

မြန်မာသည် ရုရှားလက်နက် များနှင့် တိုက်လေယာဉ်များကို ၀ယ်ယူတင်သွင်းမှုတွင် ရုရှား၏ နံပါတ် (၅) အကြီးဆုံးလက်နက် တင်သွင်းသူဖြစ်ပြီး ၂၀၁၄ တွင် ဒေါ်လာသန်း ၂၀ ကျော်ဖိုးရုရှား လက်နက်များ ၀ယ်ယူခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအပေါ် လေ့လာသုတေသနပြုနေသော လွတ်လပ်သည့် ရင်းမြစ်အဖွဲ့ကြီး ဖြစ်သည့် စတော့ဟုမ်းနိုင်ငံတ ကာငြိမ်းချမ်းရေးသုတေသနအင် စတီကျု့ဒ် (SIPRI) စစ်တမ်းက ဖော်ပြထားသည်။ မြန်မာစစ်တပ် က မှာယူခဲ့သော တစ်စီးလျှင် ကန်ဒေါ်လာ ၁၅ သန်း (မြန်မာ ငွေကျပ် ၁၉ ဘီလီယံကျော်)တန် ဖိုးရှိ ရုရှား Yak-130 အဆင့်မြင့် ဂျက်လေ့ကျင့်လေယာဉ်နှင့် အ ပေါ့စားတိုက်ခိုက်ရေးလေယာဉ် များကိုလည်း ၂၀၁၆ နှစ်ကုန်က ပထမအသုတ်အဖြစ်တင်ပို့ပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးအဆင့် မြင့်အရာရှိများက IHS Jane’s ကိုပြီးခဲ့သည့်လက အတည်ပြု ထားသည်။

===================
251/End