၃၀ ဧပြီ ၂၀၁၇ - ၁၆:၃၅
အာဆီယံအများပြည်သူဝန်ဆောင်မှု အခန်းကဏ္ဍပြောင်းလဲအောင်မြင်ရေး ဘုံကြေညာချက်ကို ခေါင်းဆောင်များ လက်မှတ်ထိုး

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံနိုင်ငံ ခေါင်း ဆောင်များနှင့်အတူ ၂၀၂၅ တွင် အာဆီယံအသိုင်းအဝိုင်းအတွင်း အများပြည်သူဝန်ဆောင်မှု အခန်း ကဏ္ဍပြောင်းလဲအောင်မြင်ရေး ဘုံကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံနိုင်ငံ ခေါင်း ဆောင်များနှင့်အတူ ၂၀၂၅ တွင် အာဆီယံအသိုင်းအဝိုင်းအတွင်း အများပြည်သူဝန်ဆောင်မှု အခန်း ကဏ္ဍပြောင်းလဲအောင်မြင်ရေး ဘုံကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဧပြီ ၂၉ ရက်တွင် အကြိမ်(၃၀) မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သီးသန့် အစည်းအဝေးနှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်၊ အစိုးရအကြီးအကဲ များ၊ အာဆီယံပါလီမန်ညီလာခံ ကိုယ်စားလှယ်များ၊ အာဆီယံလူ ငယ်ကိုယ်စားလှယ်များနှင့် မျက် နှာစုံညီအစည်းအဝေးတို့သို့ တက် ရောက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံနိုင်ငံခေါင်းဆောင်၊ အစိုးရအဖွဲ့ အကြီးအကဲများ မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အ ထက်ပါ ဘုံကြေညာချက် (ASEANDelcaration on the Role of Civil Service as a Catalyst Achieving the ASEAN Community Vision 2025)ကို အခြားအာဆီယံခေါင်းဆောင် များနှင့်အတူ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်။

အာဆီယံ ထိပ်သီးအစည်း အဝေးများအတွင်း ဖိလစ်ပိုင် သမ္မတ ဒူတာတီက အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင် ရောက်စွက်ဖက်ခြင်းမပြုရန်၊ အာဆီယံဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် သုံးစွဲမှုတို့ကို အမြစ်ပြတ်သည်အ ထိ ပူးပေါင်းနှိမ်နင်းရန် စသည့်အ ချက်များကို အဓိကထား ပြော ကြားတိုက်တွန်းခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊  ဘရူနိုင်းဘုရင် HisMajesty Slutan and YangDi-Petuan တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

အင်ဒိုနီးရှားသမ္မတနှင့် တွေ့ ဆုံစဉ် စီးပွားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် အေးချမ်းဖွံ့ဖြိုးရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာတွင် ပူးပေါင်းမှုတိုးမြှင့်ရေးတို့ ဆွေးနွေးခဲ့သည်။

ထို့အတူ ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင်နှင့် တွေ့ဆုံစဉ် နှစ် နိုင်ငံဆက်ဆံရေး တိုးတက်မှုမြှင့် တင်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင် ကဏ္ဍများ၌ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ ဆွေးနွေးခဲ့ကြောင်း  သတင်း ထုတ်ပြန်ခဲ့သည်။

အကြိမ်(၃၀)မြောက် အာဆီ ယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီ ၂၉ ရက်ညတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

===================
251/End