၂ မေ ၂၀၁၇ - ၁၈:၃၇
ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပနိုင်ငံသုံးခုသို့ တရား ဝင်ခရီးသွားရောက်ရာ မေလ ၁ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပနိုင်ငံသုံးခုသို့ တရား ဝင်ခရီးသွားရောက်ရာ မေလ ၁ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိခဲ့ သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပသမဂ္ဂ (အီးယူ)ဌာန ချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ဧပြီ ၃၀ ရက်ည က ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ဘယ်လ်ဂျီယံနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးပေါ် လွင်စိန်နှင့် တာဝန်ရှိသူများက ဘရပ်ဆဲလ်မြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ပြန်ကြားရေးဝနကြီးဌာနက သတင်းဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘရပ်ဆဲလ်မြို့ Steigen−berger Wiltcher's ဟိုတယ်တွင် တည်းခိုမည်ဖြစ်သည်။ ဘယ်လ်ဂျီယံသည်ဥရောပသမဂ္ဂ (အီးယူ)ဌာနချုပ်  ရုံးစိုက်ရာနိုင်ငံဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပသုံးနိုင်ငံခရီးစဉ်သည် ၁၀ ရက်  ကြာမြင့်မည်ဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပခရီးစဉ်မှအပြန်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ‘တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း’ (One Belt, One Road) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

===================
251/End