အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒီချုပ်အစိုးရ၏ တစ်နှစ် သက်တမ်းအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသဖြင့် ပြည်သူများနှင့် ပညာရေးဝန်ထမ်းများ၏ မျှော်လင့်ချက် အားလျော့ခဲ့သည်။
အစိုးရသစ် တာဝန်စတင် ချိန်တွင် ဒေါ်အောင်ဆန်းစုကြည် က ပညာရေးဝန်ကြီးဖြစ်လာသ ဖြင့် အလားအလာကောင်းများ မျှော်လင့်ခဲ့သော်လည်း ပညာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးအား ပညာ ရေးဝန်ကြီး ခန့်အပ်လိုက်ချိန်တွင် ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန် မှုများရှိခဲ့သည်။
‘‘ကျွန်တော်တို့ ဝန်ထမ်းတွေ အနေနဲ့ ဘယ်သူပဲတက်တက် အလုပ်ကတော့ လုပ်နေရမှာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူ မယ်ဆိုပြီး သတင်းတွေထွက်လာ တော့ တအားပျော်ခဲ့တယ်။ ငါတို့ ပညာရေးလောကတော့ ပြောင်း လဲတော့မယ်။ ပိုကောင်းလာတော့ မယ်ပေါ့။ တကယ့်လက်တွေ့မှာ ကျတော့ ထင်ထားသလို ဖြစ်မ လာခဲ့ဘူး။ အစိုးရပြောင်းလဲပြီး နောက်ပိုင်းမှာလည်း ပညာရေးအ တွက် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲလာတာတော့ မရှိသေး ဘူး’’ ဟု ကသာမြို့နယ်မှ အထက် တန်းပြဆရာတစ်ဦးက ပြောသည်။
ဒီချုပ်အစိုးရသည် ပညာရေး ၀န်ကြီးဌာနအောက်တွင် ပြည် ထောင်စုဝန်ကြီးရုံး၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ပညာရေးသုတေ သန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကားဦးစီးဌာန၊ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စက်မှုနည်း ပညာမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ လေ့ လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)၊ လေ့လာဆန်းစစ် အ ကဲဖြတ်ရေးအဖွဲ့ (သုတေသန)နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၅၈ ခုဖြင့် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပညာရေးဝန်ကြီးဌာနကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး ဦးစီးဌာနများကို အ သစ်ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ ကာ လေ့လာဆန်းစစ်အကဲဖြတ် ရေးအဖွဲ့က ပညာရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် အောင်မြင်မှုရှိ၊မရှိ၊ အားနည်းချက်၊ အားသာချက်တို့ကို ထောက်ပြရမည်ဖြစ်သည်။
လာမည့်ဘဏ္ဍာနှစ်အတွက် ပညာရေးဝန်ကြီးဌာနက သာမန် အသုံးစရိတ် ကျပ် ၁ ဒသမ ၄၄၈,၄၅၉,၉၈၂ ထရီလီယံ တောင်း ခံထားပြီး ပြည်ပအကူအညီ ကျပ် ၂၄ ဒသမ ၄၇၅,၅၂၈ ဘီလီယံ၊ ပြည်ပချေးငွေ ကျပ် ၄၂ ဒသမ ၅၈၂,၉၇၅ သန်း ရရှိထားသော ကြောင့် ပညာရေးပြုပြင်ပြောင်းလဲ မှုနှင့် ပညာရေးအဆင့်အတန်းမြင့် မားလာရေး ဝန်ကြီးဌာန၏ လုပ် ဆောင်မှုများကို စောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း ပညာရေးအ သိုင်းအဝိုင်းက ဆိုသည်။
‘‘ဘတ်ဂျက်တိုးတောင်းရင် လုပ်တဲ့အရာက အဆောက်အ အုံ ဆောက်တဲ့ ကိစ္စပဲ။ ဒီဟာကလည်း လိုအပ်ပါတယ်။ တချို့ ဝေးလံ ခေါင်သီတဲ့ မြို့တွေ၊ နယ်စွန်တွေ ဆိုရင် တဲသာသာရှိတဲ့ကျောင်းနဲ့ ကလေးတွေ သင်ယူနေရတယ်။ အဆောက်အအုံတွေလည်း ဆောက်သင့်တယ်။ သို့သော် ဒါကို စိစစ်ကြပ်မတ်နိုင်ရမယ်။ မ ဟုတ်ရင် ဘတ်ဂျက်က ကုန်သာ ကုန်သွားတယ်။ အရာမထင်ဘူး။ စာမေးပွဲစနစ်ဆိုတာကြီးကိုလည်း ပြင်သင့်နေပါပြီ။ ၁ဝ တန်း တစ် တန်းအတွက် ဘတ်ဂျက်တွေသိန်း သောင်းနဲ့ချီကုန်တယ်။ စာမေးပွဲ စစ်ရင် မီးသတ်၊ ရဲ၊ မော်တော်ပီ ကယ်၊ ထွေအုပ်၊ မြို့နယ်အုပ်ချုပ် ရေးမှူးရှိသမျှ လူ အကုန်မနေရ ဘူး။ စောင့်ရတယ်။ ဒါတွေအ တွက် ပိုက်ဆံကုန်တာတွေကို တ ခြားနေရာတွေမှာ သုံးလိုက်ရင် ပို မကောင်းဘူးလား’’ဟု ကလေးမြို့ နယ်မှ အထက်တန်းပြကျောင်း ဆရာ ဦးမျိုးဆန်းအောင်က ပြော ကြားသည်။
ပညာရေးဝန်ကြီးဌာနသည် ဦးသိန်းစိန်လက်ထက်က အ ကောင်အထည်ဖော်ခဲ့သော သူ ငယ်တန်း + ၁၂ တန်း ပညာရေး စနစ်ကို စတင်ကျင့်သုံးခဲ့ပြီး သူ ငယ်တန်းတွင် သင်ရိုးညွှန်းတမ်းအ သစ်ဖြင့် စတင်သင်ကြားပို့ချခဲ့သည်။
အာဏာမရမီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေး ကောက်ပွဲကြေညာစာတမ်းတွင် နိုင်ငံသားတိုင်း မူလတန်းပညာကို အနည်းဆုံးတတ်မြောက်ပြီး ဆက် လက်ပညာသင်ကြားနိုင်ရေးတွက် အဆင့်ဆင့် တိုးမြှင့်ပညာသင်ယူ ခွင့်များရရှိရန်၊ ဖက်ဒရယ်ပြည် ထောင်စု မူနှင့်အညီ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေး စနစ်ကို ဖော်ဆောင်သွားရန်နှင့် ကျောင်းသားမိဘနှင့် ရပ်ကျေးအ ပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန် ဆောင်မှုဖြစ်စေရန် ဆောင်ရွက် မည်ဟု ဖော်ပြခဲ့သည်။
အစိုးရသစ်လက်ထက် ပညာ ရေးဝန်ကြီးဌာနသည် ရက်တစ်ရာ စီမံချက်အဖြစ် မေလ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ သတ်မှတ် ကာ (၁) ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း၊ (၂) ကျောင်းအပ်နှံ ရေး သီတင်းပတ်ဆောင်ရွက်ခြင်း၊ (၃) ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (၄) ဆရာ၊ ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်းများ လစာအ ပြည့်ရရှိရေးနှင့် ဘဏ်မှတစ်ဆင့် ထုတ်ယူနိုင်ရေး၊(၅)ဝါရင့်ကထိက ဆရာ၊ ဆရာမများ ပါရဂူဘွဲ့သင် တန်း တက်ရောက်ရေး၊ (၆) နည်း ပညာ၊ သက်မွေးပညာရေး၊ လေ့ ကျင့်ရေးဆိုင်ရာ လေ့လာသုံးသပ် မှုများပြုလုပ်ပြီး စီမံကိန်းချမှတ် ရေး၊ (၇) ဆရာ၊ ဆရာမများ သင် ကြားပို့ချမှု စွမ်းဆောင်ရည်အကဲ ဖြတ်ခြင်း၊ (၈) Alternative Education အကောင်အထည်ဖော် ရေးတို့ကို ချမှတ်၍ အကောင်အ ထည်ဖော်ခဲ့သည်။
၂၀၁၆ -၁၇ ပညာသင်နှစ် တွင် ကျောင်းအဆင့်တိုးမူနှင့်ကိုက် ညီသည့်ကျောင်း ၉၃၇ ကျောင်း၊ မူနှင့်ကိုက်ညီသည့် ကျောင်း ၂,၃၇၅ ကျောင်း စုစုပေါင်း အ ခြေခံပညာကျောင်း ၃,၃၁၂ ကျောင်းကို ကျောင်းအဆင့် တိုး မြှင့်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် မြန်မာ့စီးပွားရေး ဘဏ် (သို့) ပုဂ္ဂလိကဘဏ်နှင့် နီးသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အခြေခံပညာ ကျောင်း ၁၇ ကျောင်း၊ ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ်ကောလိပ် ငါးခုမှဆရာ၊ ဆရာမများနှင့်ပညာ ရေး ဝန်ကြီးဌာနရုံးမှ ဝန်ထမ်းများ ၏ လစာငွေကို ဘဏ်စာရင်းမှတစ် ဆင့် ထုတ်ယူနိုင်ရန် ဆောင်ရွက်ခဲ့ သည်။
ဒီချုပ်အစိုးရသည် ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လက် ရှိကျင့်သုံးနေသည့် အလွတ်ကျက် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ် သည့် ပညာရေးစနစ်ကို ပြောင်းလဲ ရေးအတွက် ပိုမိုအလေးပေး ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ ပညာ ရှင်များက တိုက်တွန်းသည်။
အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ဝင်ခွင့်အတွက် တက္က သိုလ်ဝင်စာမေးပွဲရမှတ်ဖြင့် ဝင် ခွင့်ဆုံးဖြတ်သည့် စနစ်အစား ကျောင်းသားကိုယ်တိုင် ၀ါသနာပါ သည့် တက္ကသိုလ်များသို့ဝင်ခွင့်ရရှိ ရန် ဝင်ခွင့်စာမေးပွဲများ ကျင်းပ သည့်စနစ်သို့ ပြောင်းလဲကျင့်သုံး ခြင်း၊ ဘာသာရပ်များကိုသင်ကြား ရာတွင် စာတွေ့နှင့်လက်တွေ့ မျှ တစွာ သင်ကြား၍ သုတေသနလုပ် ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ် ဆောင်နိုင်ရန် ဆောင်ရွက်ပေးခြင်း နှင့် တိုင်းရင်းသား ဘာသာစကား များကို အားပေးမြှင့်တင်နိုင်သည့် ပညာရေးစနစ် အကောင်အထည် ဖော်ပေးခြင်းတို့ လိုအပ်နေသော် လည်း ပြုပြင်ပြောင်းလဲမှု အား နည်းနေကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်ထောက်ပြသည်။
လာမည့်နှစ်များအတွင်း အစိုးရ၏ အဓိကပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းများအနက် ဝေးလံ ဒေသများတွင်ရှိသော ကလေး ငယ်များအပါအ၀င် ကလေးအား လုံး ကစားခြင်းကို ဗဟိုပြုသည့် အရည်အချင်းရှိ၍ ကျန်းမာရေးနှင့် ညီညွတ်သော မူကြိုနှင့် မူလတန်း ပညာရေးကို ဦးစားပေးကာ စတင် အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစ ကားကို အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း၌ ဖော်ပြထား သည်။
အဆင့်မြင့်ပညာကဏ္ဍအနေ ဖြင့် အဆင့်မြင့်ပညာရေး၏ အုပ် ချုပ်မှုနှင့် စီမံခန့်ခွဲမှု အားကောင်း စေခြင်း၊ အဆင့်မြင့်ပညာ၏ ဆက်စပ်ဆီလျော်မှုနှင့် အရည်အ သွေးမြင့်မားလာအောင်ဆောင် ရွက်ခြင်းနှင့် အဆင့်မြင့်ပညာသင် ယူခွင့်သာ တူညီမျှရရှိမှုကို တိုးချဲ့ ပေးခြင်းတို့အတွက် မဟာဗျူဟာ ရေးဆွဲထားသည်။
အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးနှင့် ဘ၀တစ် သက်တာသင်ယူမှုအခွင့်အလမ်း အတွက်ရည်ရွယ်၍ ဒီချုပ်အစိုးရ ၏ ငါးနှစ်တာအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ဒေါ်အောင် ဆန်းစုကြည်က နေပြည်တော်တွင် မိတ်ဆက်ခဲ့သည်။
ဦးသိန်းစိန် အစိုးရလက် ထက်က ဆောင်ရွက်ခဲ့သော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး (CESR)အစီရင်ခံစာများ၊ ပညာ ရေးဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများ၊ အမျိုးသားပညာ ရေးဥပဒေနှင့် ယင်းဥပဒေကို ပြင် ဆင်သည့်ဥပဒေ၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်း ကိုးစောင်နှင့် အစိုးရ၏ ပညာရေးပြုပြင်ပြောင်း လဲမှု ဦးစားပေးလုပ်ငန်းများအပေါ် အခြေခံ၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲ ထားသည်။
မြန်မာ့ပညာရေးစနစ်၏ ယေ ဘုယျနောက်ခံအခြေအနေ၊ မ ကြာသေးမီနှစ်များတွင် ပညာရေး မူဝါဒ ပြုပြင်ပြောင်းလဲမှုနှင့်ပတ် သက်၍ ခြုံငုံသုံးသပ်ချက်၊ အမျိုး သားပညာရေးစနစ်၏ မကြာသေး မီနှစ်များ၌ အောင်မြင်ဖြစ်ထွန်းမှု များ၊ လက်ရှိပညာရေးစနစ်၏ အဓိကစိန်ခေါ်မှုများ၊ စီမံကိန်းရည် မှန်း ချက်ပန်းတိုင်၊ မဟာဗျူဟာ မြောက် အပြောင်းအလဲ ကိုးရပ်၊ စီမံကိန်း၏ အဓိကကဏ္ဍများ၊ ပညာရေးလမ်းသွယ်များ၊ စီမံ ကိန်းအတွက် ဘဏ္ဍာငွေ ထောက် ပံ့ခြင်း၊ စီမံကိန်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင် ရွက်ခြင်း စသည့်အချက်များကို အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ထားသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းအစီ အစဉ်များနှင့် မျှော်မှန်းရလဒ်များ အနက် ၈၀ ရာခိုင်နှုန်းကို အ ကောင်အထည်ဖော်မည်ဆိုပါက ပညာရေးအတွက် နှစ်စဉ်အသုံး စရိတ်သည် လာမည့်ငါးနှစ်တွင် နှစ်ဆထက်မက မြင့်တက်လာပြီး ကျပ် ၁၅ သန်းခန့်ရှိမည်ဟု ဆို သည်။
အလွတ်ကျက်မှတ်ဖြေဆိုရ သော စာမေးပွဲစနစ်မှ ဘ၀တစ် သက်တာသင်ယူနိုင်မှုအတွက် လို အပ်သော ကျွမ်းကျင်မှု၊ ပညာရည် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်က ချမှတ်ထားသော သင်ယူမှုဆိုင်ရာ စံများ စသည့် လေ့လာသင်ယူတိုး တက်မှုအဆင့်ဆင့်ကို စစ်ဆေးအ ကဲဖြတ်သော စာမေးပွဲစနစ်သို့ ပြု ပြင်ပြောင်းလဲမည်ဟု ပညာရေး ဝန်ကြီးက ပြောကြားသည်။
အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်းသည် အမျိုးသား ပညာရေးစနစ်တစ်ခုကို ပြုပြင် ပြောင်းလဲပေးမည့် အစီအစဉ်ဖြစ် ပြီး ကျောင်းများနှင့် ပညာသင်ယူ ရာဌာနများ၏ သင်ကြားသင်ယူမှု များကို တိုးတက်မြင့်မားစေရန် အ ထောက်အကူပြုမည့် စီမံကိန်းဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
===================
251/End
၃ မေ ၂၀၁၇ - ၁၉:၂၉
News ID: 827644
ဒီချုပ်အစိုးရ၏ တစ်နှစ် သက်တမ်းအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသဖြင့် ပြည်သူများနှင့် ပညာရေးဝန်ထမ်းများ၏ မျှော်လင့်ချက် အားလျော့ခဲ့သည်။