၄ မေ ၂၀၁၇ - ၁၇:၅၂
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အီးယူ ဆက်လက်ကူညီပံ့ပိုးမည်ဟု ကတိပြု ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေးဝင်ရောက်ရ

ဥရောပသမဂ္ဂ(အီးယူ) သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင် မှုရရှိစေရေး ဆက်လက်ကူညီပံ့ပိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ကတိ ပြုခဲ့ကြောင်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ဥရောပသမဂ္ဂ(အီးယူ) သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင် မှုရရှိစေရေး ဆက်လက်ကူညီပံ့ပိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ကတိ ပြုခဲ့ကြောင်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးက သတင်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂ၏ အထူးကိုယ် စားလှယ် မစ္စက်ဖက်ဒရီကာမိုဂီရီနီနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည်မေလ ၂ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ အဆောက်အအုံ၌ တွေ့ဆုံစဉ် အထက်ပါ အတိုင်း ကတိပြုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အထက် ပါ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာ-ဥရောပသမဂ္ဂဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ ရခိုင် ပြည်နယ်အရေး၊ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံအရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ယခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အာရှ-ဥရောပဆွေးနွေးပွဲ (ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။

‘‘ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တိုင်းအတွက် အချိန်ပေးရပါတယ်။ ကာယ၊ ဉာဏစွမ်းအား ဇွဲလုံ့လနဲ့ လွန်ခဲ့တဲ့လပေါင်း များစွာအပြင် နှစ်ပေါင်းများစွာ အခက်အခဲကြားကနေ အံ့သြချီးကျူးဖို့ကောင်းတဲ့ (ဒေါ်)အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခေါင်း ဆောင်မှုမျိုးတွေ လိုအပ်ပါတယ်’’ ဟု အထူးကိုယ်စားလှယ်က ပြော သည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေး ပြီးနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အထူးကိုယ်စားလှယ်တော်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲ၌ ရခိုင်အရေးနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်း မှုများအပေါ် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ရခိုင်ပြည်နယ်တွင် စုံ စမ်းရေးအဖွဲ့ဝင်ရောက်ရန် ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အား သဘောမတူ ကြောင်း ပြောကြားခဲ့ခြင်းကို ဥ ရောပအခြေစိုက် မီဒီယာများက အကျယ်တဝင့်ဖော်ပြကြသည်။

‘‘ကျွန်မတို့ဟာ ဒါနဲ့ (ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်) ပတ်သက်ပြီး သ ဘောမတူပါဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ‘‘ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ ပူး ပေါင်းဆောင်ရွက်မှာ မဟုတ်ပါ ဘူး။ ဘာလို့လဲဆိုတော့ အဲဒီဆုံး ဖြတ်ချက်ဟာ တကယ့်မြေပြင်အ ခြေအနေနဲ့ ကိုက်ညီတယ်လို့ မ သတ်မှတ်ထားလို့ပါပဲ’’ ဟု ပြော သည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသည် ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို သက်သေပြရေး လွတ်လပ် သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံ သို့ ချက်ချင်းစေလွှတ်ရန် မတ်လ ၂၄ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ သည်။

ယင်းဆုံးဖြတ်ချက် ထွက် ပေါ်လာချိန်တွင် သမ္မတရုံးနှင့် အ တိုင်ပင်ခံရုံးတို့၏ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက မြန်မာအစိုး ရက ယင်းဆုံးဖြတ်ချက်ကို လက် မခံကြောင်း ပြည်တွင်းမီဒီယာများအား ပြောကြားခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥရောပ သမဂ္ဂ၌ နိုင်ငံတကာမီဒီယာများ အား အထက်ပါအတိုင်း အခိုင်အ မာပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က ရခိုင်ပြည်နယ်အရေး နှင့် အမှန်တကယ် ကိုက်ညီမှုရှိ သည့် အကြံပြုချက်များကို ပျော် ရွှင်စွာ လက်ခံမည်ဖြစ်ကြောင်းနှင့် ရခိုင်ရှိ လူမျိုးစုနှစ်ခုကို ပိုမိုပိုင်းခြား မည့် အကြံပြုချက်များကိုမူလက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အကြံပြုချက် များသည် ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ တစ်ချိန်လုံး ပိုမိုမြှင့် တက်စေမည်ဖြစ်၍ လက်မခံခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းသည်။

ဧပြီ ၃၀ ရက်က ဥရောပ သုံးနိုင်ငံခရီးစဉ်စတင်ခဲ့သော ဒေါ် အောင်ဆန်းစုကြည်သည် မေလ ၁ ရက်၌ ဥရောပသမဂ္ဂ(အီးယူ) ရုံးချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေလ ၃ ရက်တွင် ဘရပ်ဆဲလ်မြို့မှ အီတလီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

===================
251/End