၆ မေ ၂၀၁၇ - ၁၄:၅၁
Water Taxi ဇွန်လလယ် စတင်ပြေးဆွဲမည်

ရန်ကုန်မြစ်ကြောင်းတွင် Water တက္ကစီ ပြေးဆွဲခြင်းကို ဇွန်လလယ်၌ စတင်မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရသည့် တင့်တင့်မြန်မာကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြစ်ကြောင်းတွင် Water တက္ကစီ ပြေးဆွဲခြင်းကို ဇွန်လလယ်၌ စတင်မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရသည့် တင့်တင့်မြန်မာကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

တင်ဒါ အောင်မြင်ခဲ့ပြီး နောက် မတ်လ ၂၅ ရက်တွင် ရန်ကုန်တိုင်းအစိုးရနှင့် သဘော တူညီမှု လက်မှတ်ရေးထိုးခဲ့သော တင့်တင့်မြန်မာ ကုမ္ပဏီများအုပ် စုက မြစ်ကြောင်းသုံးခုတွင် ရေ ယာဉ်အစီးရေ ၁၀၀ ကျော် အသုံး ပြုပြီး ပြေးဆွဲမည်ဖြစ်ကြောင်း မေလ ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် လှိုင် မြစ်တွင် သင်္ဘော ၁၆ စီးမှ ၁၈ စီး အထိ အသုံးပြုကာ လှိုင်သာယာမှ ဗိုလ်တထောင်အထိ ခရီးစဉ်ကို ဇွန်လလယ်တွင် စတင်ပြေးဆွဲ မည်ဖြစ်ကြောင်း ဒေါ်တင့်တင့် လွင်က ပြောသည်။

‘‘အစကတော့ အခုမေလ ကုန်ကို ပြေးဆွဲပေးဖို့ပဲ။ ပြင်ဆင်ဖို့ တချို့စာရွက်စာတမ်းကိစ္စတွေ ကျန်သေးတော့ ဇွန်လလယ် လောက်ကို စတင်ပြေးဆွဲမှာပါ’’ ဟု ၎င်းက ဆိုသည်။

လှိုင်သာယာနှင့် ဗိုလ်တ ထောင်ခရီးစဉ်ကို ကြားဆိပ်ကမ်း ခြောက်ခုသတ်မှတ်ထားသည်။ သင်္ဘောများကို သြစတြေးလျနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မှာယူထားပြီး မကြာမီရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ပြည်ပမှ မှာယူ ထားမှုများအပြင် ဆိပ်ကြီးခနောင် တိုသင်္ဘောကျင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပူးပေါင်းပြီး ရေယာဉ်အစီး ၂၀ ကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ပြောသည်။

ရေယာဉ် အမျိုးအစားများ တွင် တစ်စီးလျှင် လူဦးရေ ၂၀၀၊ ၁၂၀ နှင့် ၆၀ တင်ဆောင်နိုင်သော အမျိုးအစားသုံးခုဖြင့် လမ်း ကြောင်းသုံးခုတွင် ပြေးဆွဲမည်ဖြစ်သည်။

ထိုလုပ်ငန်းကို အဆိုပါကုမ္ပဏီအုပ်စုက အမေရိကန်ဒေါ်လာ ၃၇သန်းအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

ပထမလမ်းကြောင်းအဖြစ် လှိုင်သာယာမှ ဗိုလ်တထောင်အ ထိ ပြေးဆွဲမည်ဖြစ်သည်။ ဒုတိယ လမ်းကြောင်းအဖြစ် ငမိုးရိပ် ချောင်းကို အသုံးပြုကာ ညောင် တန်းမှ မြောက်ဒဂုံကို ပြေးဆွဲမည်ဖြစ်သည်။ တတိယလမ်းကြောင်းအဖြစ် ရန်ကုန်မှ သန်လျင် (Star City)သို့ ပြေးဆွဲမည်ဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ဆိပ်ကမ်းများ၌ အသက်ကယ်ဘုတ်များနှင့် ကျွမ်းကျင်ကယ်ဆယ်ရေးလုပ်သားများထားရှိမည်ဖြစ်ကာ ရေယာဉ်များနှင့် ရေယာဉ်ဂိတ်များအားလုံးကို ကုမ္ပဏီ၏ ရုံးချုပ်မှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ရေးစနစ်ဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။

ရေယာဉ်စီးနင်းခကို ခရီးစဉ် စဆုံး ၅၀၀ ကျပ် သတ်မှတ်ထား ပြီး ခရီးတိုကို ၃၀၀ ကျပ် သတ်မှတ်ထားသည်။ ပထမလမ်းကြောင်းဖြစ်သည့် လှိုင်သာယာ-ဗိုလ်တထောင်ခရီးစဉ်ကို တစ်နာရီ မိနစ်၂၀ ကြာမြင့်မည်ဖြစ်ပြီး ခရီးသည်များအသုံးပြုမှုအပေါ် မူတည်ကာ ရေယာဉ်ကို တိုးချဲ့မည်ဟု ဆိုသည်။

‘‘လှိုင်မြစ်ကတော့ အဆင် ပြေတယ်။ ငမိုးရိပ်ကတော့ မြစ် ကြောင်းကျဉ်းတယ်။ သဲသင်္ဘော တွေလည်းရှိတယ်။ တံတားတွေ လည်းများတော့ ရေယာဉ်ငယ် လေးတွေနဲ့ ပြေးဆွဲဖို့ စီစဉ်ထား တယ်’’ဟု ဒေါ်တင့်တင့်လွင်က ဆိုသည်။

ခရီးစဉ်လက်မှတ်ခကို သက် ဆိုင်ရာ ဆိပ်ကမ်းများတွင် လက် မှတ်စနစ်ဖြင့် ၀ယ်ယူစီးနင်းနိုင် မည်ဟုဆိုသည်။နိုင်ငံတကာဆိပ်ကမ်းများကဲ့သို့ လက်မှတ်ကောင်တာများ၊နားနေဆောင်များကို တည်ဆောက်ပေးမည်ဖြစ်ကာ လက်ရှိတွင် ရေယာဉ်ဂိတ် စဖြစ်သည့် အင်းစိန်တွင် ဆိပ်ကမ်းတည်ဆောက်မှုမှာ ပြီးစီးလုနီးပြီဖြစ် သည်။

နောက်ပိုင်းတွင် ကတ်စနစ် ဖြင့် ရေယာဉ်လက်မှတ်ကို ရောင်း ချမည်ဖြစ်ကာ မိုဘိုင်း အက်ပလီ ကေးရှင်းမှတစ်ဆင့် ၀ယ်ယူစီးနင်းနိုင်သည့် ပုံစံမျိုးအထိ ဆောင်ရွက်မည်ဟု ဆိုသည်။

ရန်ကုန်တွင် Water တက္ကစီ ပြေးဆွဲခြင်းကို ပြီးခဲ့သည့် အစိုးရ လက်ထက်က ပြည်တွင်းရေ ကြောင်းပိုင် သင်္ဘောများဖြင့် လှိုင်သာယာမှ ပန်းဆိုးတန်းအထိ လှိုင်မြစ်ကြောင်းတွင် ပြေးဆွဲခဲ့ဖူးသော်လည်း စီးနင်းသူနည်းပါးခဲ့သောကြောင့် အောင်မြင်မှုမရရှိခဲ့ပေ။

‘‘လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် လောက်ကလည်း ပုဇွန်တောင်၊ ညောင်တန်းမှာ သီတာဆိုတဲ့ သင်္ဘောတွေနဲ့ သန်လျင်ကိုဆွဲဖူး တယ်။ ခေတ်ပြောင်း၊စနစ်ပြောင်း တွေကြားမှာ ဒီလုပ်ငန်းတွေလည်း နားကုန်တယ်။ စီမံခန့်ခွဲမှုကောင်း ရင်တော့ အခု ရေယာဉ်လုပ်ငန်း က အောင်မြင်မှာပါ’’ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အငြိမ်းစားသင်္ဘောကပ္ပတိန် ဦးလှဝင်းက သုံးသပ်သည်။

ရန်ကုန်ရှိ မြစ်ကြောင်းသုံးခု တွင် ငမိုးရိပ်ချောင်း၌ ပြေးဆွဲရာ တွင် ရေတက်၊ ရေကျများခြင်း၊ မြစ်ကြောင်း ကျဉ်းခြင်းနှင့် သောင် များပေါ်ထွန်းခြင်းများရှိနေသော ကြောင့် ပြေးဆွဲမောင်းနှင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း ဦးလှ ၀င်းက သုံးသပ်ပြောကြားသည်။

စီးနင်းသူများအနေဖြင့် ဆိပ် ကမ်းသို့ အချိန်ပေးလာရောက်ရ ၍ ဆိပ်ကမ်းနှင့်တစ်ဆက်တည်း ဘတ်စ်ကားဂိတ်၊ မီးရထားဂိတ် များဖြင့် ချိတ်ဆက်မှသာ အားထားစီးနင်းသူများမည်ဖြစ် ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။

‘‘တကူးတကတော့ ဘယ်သူ မှ လာမစီးနိုင်ဘူး။ ရေယာဉ်ဂိတ် ကိုသွားဖို့ ဘတ်စ်ကားဂိတ်တွေနဲ့ နီးအောင်လုပ်ရမယ်။ မနီးရင် လမ်းတွေဖောက်ပြီး ချိတ်ဆက် တာမျိုးတွေလုပ်ရမယ်။ နိုင်ငံတ ကာမှာဆို ရေယာဉ်ဂိတ်တွေနဲ့ ဘူတာရုံတွေနဲ့ ချိတ်ဆက်ထားကြ တာ။ စနစ်အရမ်းကောင်းတယ်’’ ဟု ၎င်း၏ အမြင်ကိုပြောသည်။

ဘတ်စ်ကားစီးနင်းချိန်ထက် အနည်းငယ်မြန်ဆန်ပါက ရေယာဉ်ကို အဓိကထားအသုံးပြုမည်ဖြစ်သော်လည်း မိမိသွားလိုသည့်နေရာနှင့် ရေယာဉ်ဂိတ်မှာ လွန်စွာဝေးကွာပါက ဘတ်စ်ကားကိုသာ ပြန်လည်စီးနင်းအသုံးပြုမည်ဟု လှိုင်သာယာနေ ကုမ္ပဏီဝန်ထမ်း ကိုမြင့်ကျော်ဦးက ပြောသည်။

===================
251/End