၉ မေ ၂၀၁၇ - ၁၆:၃၇
မြန်မာသည်အရှေ့တောင်အာရှနိုင်ငံများတွင် သဘာဝဘေးများကြောင့် လူသေဆုံးမှု မြင့်မားနေဟု သမ္မတပြောကြား

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သဘာဝဘေးအန္တ ရာယ်ကြောင့် လူသေဆုံးနှုန်း မြင့် မားနေကြောင်း မေလ ၈ ရက်က နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သဘာဝဘေးအန္တ  ရာယ်ကြောင့် လူသေဆုံးနှုန်း မြင့် မားနေကြောင်း မေလ ၈ ရက်က နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၀ နှစ်အ တွင်း သဘာဝဘေးဒုက္ခခံစားရသူ ၁၂ သန်းကျော်ရှိကာ အသက်ဆုံး ရှုံးသူ တစ်သိန်းလေးသောင်းခန့်ရှိ ပြီး တစ်ကမ္ဘာလုံး ဘေးဒုက္ခခံစား ရသူ စုစုပေါင်း ၇၉ ရာခိုင်နှုန်းခန့် သည် အာရှဒေသအတွင်း ရှိနေ ခြင်းဖြစ်သည်ဟု ဦးထင်ကျော်က ပြောသည်။

‘‘ဒီအချက်ကို သုံးသပ်ကြည့် မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ ၁၀၀ ဘေးဒုက္ခခံစားရရင် ၁ ဒသမ၁၃ ဦးနှုန်း သေဆုံးနေတာဖြစ်ပြီး ဒါဟာ အရှေ့တောင်အာရှဒေသ အတွင်း တခြားရှေ့တောင်အာရှ နိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် မိမိတို့ နိုင်ငံဟာ ဘေးအန္တရာယ်ကျ ရောက်စဉ်ကာလ သေဆုံးနှုန်း မြင့်မားနေကြောင်းကိုလည်း တွေ့ရ ပါတယ်’’ဟု သမ္မတက ပြောကြားသည်။

၂၀၁၆ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေး ရှင်း၏ ကမ္ဘာ့ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာအရ ၂၀၀၆ မှ ၂၀၁၅ အထိ ၁၀ နှစ်အတွင်း ကမ္ဘာပေါ် တွင် ဖြစ်ပွားသည့် ဘေးဒုက္ခမျိုး စုံကြောင့် လူသန်း ၁,၉၀၀ ကျော်ဘေးဒုက္ခခံစားခဲ့ရပြီး လူခုနစ် သိန်းခန့် အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ဘေးအန္တရာယ်ဖြစ်ပွားမှု များ မြင့်တက်လာသောကြောင့် ကြက်ခြေနီအသင်းအနေနှင့် ရှေး ဦးပြုစုခြင်းလုပ်ငန်းများ၊ ဘေး ဒုက္ခကြိုတင်ပြင်ဆင်ရေး၊ ဘေး အန္တရာယ်လျှော့ချရေးလုပ်ငန်း များကို ယခုထက် ပိုမိုဆောင်ရွက် ရန် တိုက်တွန်းလိုသည်ဟု သမ္မတ က ပြောသည်။

‘‘လူမှုကရုဏာလိုအပ်ချက် များ ပြည့်မီဖို့ဆိုရင် ကြက်ခြေနီ အသင်းတစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး။ အာဏာပိုင်အ ဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အ စည်းများ၊ လူမှုကရုဏာအဖွဲ့အ စည်းများနဲ့ ပြည်သူလူထုကပါ အတူလက်တွဲပူးပေါင်းဆောင် ရွက်ကြဖို့ လိုအပ်ပါတယ်’’ဟု ဦးထင်ကျော်က ပြောသည်။

ထို့အပြင် ကြက်ခြေနီအ သင်းအနေနှင့် ပြည်သူလူထုကို ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်း (Resilience)ရှိရန် ကူညီသင် ကြားလေ့ကျင့်ပေးရန် လိုအပ် သည့်အကူအညီများကို သက် ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ပံ့ပိုးကူညီပေးမည်ဟု ၎င်းက ပြော ကြားသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအ သင်းက လေ့ကျင့်သင်ကြားပေး သည့် ကြက်ခြေနီစေတနာလုပ် အားရှင် လေးသောင်းကျော်မှတစ် ဆင့် နှစ်စဉ် ပြည်သူလူထုပျမ်းမျှ ငါးသိန်းကျော်အား လူမှုကရုဏာ အကူအညီများ ပေးနေသည်ဟု သိရသည်။

===================
251/End