အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက် စံပြရပ်တွင် မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသား တစ်ဦး နေအိမ်၌ ဖယောင်းတိုင် မီးမှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
မီးမကူးစက်နိုင်သည့် အောက်ခံအသုံးမပြုဘဲ ဖယောင်း တိုင်မီးဖြင့် ဘုရားမီးပူဇော်ထား ရာမှ အောက်ခံကြမ်းခင်းကို မီး ကူးစက်ပြီး မီးလောင်ကျွမ်း ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။
‘‘ဖယောင်းတိုင်မီး ထွန်းထားပြီးတော့ အိမ်ကလူတွေက အပြင်သွားနေတယ်။ ပေါ့ဆတာ လို့ ပြောရမှာပေါ့’’ဟု တိုင်းမီး သတ်ဦးစီးမှူး ရဲဗလဦးမျိုးဝင်းက ပြောသည်။
မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် သေဆုံးသူမရှိ သော်လည်း သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်နှစ်လုံးနှင့် ဆိုင် ကယ်တစ်စီး လောင်ကျွမ်းခဲ့ သည်။ မီးလောင်မှုကို မီးသတ်ယာဉ် ၁၂ စီး၊ မီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သည်။
‘‘မီးလောင်တာလာကြည့်တဲ့ ဆိုင်ကယ်တွေနဲ့ လူအုပ်စုကြီးက မီးသတ်ကားတွေ အလွယ်တကူ သွားလာနိုင်ဖို့ ဟန့်တားနေသလို ဖြစ်တယ်။ သူတို့ကို ထိခိုက်မိရင် လည်း မကောင်းဘူး။ အဲဒီလို ပိတ်ဆို့မှုတွေရှိတော့ မလိုအပ်ဘဲ မီးလောင်မှုက ပိုပြီးကြီးထွားလာ တယ်။ ဒါကြောင့် မီးလောင်ပြင်နဲ့ ဝေးတဲ့နေရာကနေပဲ ကြည့်စေ ချင်တယ်’’ ဟု ရဲဗလဦးမျိုးဝင်းက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် အမျိုးသားကို ပု သိမ်မြို့မရဲစခန်းက မီးပေါ့ဆစွာ သုံးစွဲမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ မီးလောင်မှုသည် နွေကာလအတွင်း ပုသိမ်မြို့၌ ပထမဦးဆုံးဖြစ်ပြီး လွန်ခဲ့သည့် ငါးလကျော်က ပုသိမ်မြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ မှတ် တမ်းများအရ သိရသည်။
===================
251/End
၉ မေ ၂၀၁၇ - ၁၇:၃၀
News ID: 828808
ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက် စံပြရပ်တွင် မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသား တစ်ဦး နေအိမ်၌ ဖယောင်းတိုင် မီးမှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။