၁၁ မေ ၂၀၁၇ - ၁၂:၄၁
ရခိုင်အဖွဲ့အစည်းများက တွေ့ဆုံမည်ဆိုပါက အချိန်၊နေရာမရွေးတွေ့ရန် အဆင်သင့်ရှိဟု ကိုဖီအာနန်ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင် ကမ်းလှ

ရခိုင်အဖွဲ့အစည်းများ က တွေ့ဆုံမည်ဆိုလျှင် အချိန်၊ နေရာမရွေး တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်အဖွဲ့အစည်းများ က တွေ့ဆုံမည်ဆိုလျှင် အချိန်၊ နေရာမရွေး တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြားသည်။

အခြေအနေနှင့် ပြည်တွင်း ရေးကို နိုင်ငံတကာက လာရောက်စုံစမ်းသည်ဆိုကာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို သပိတ်မှောက်ထားသည့် ရခိုင်အဖွဲ့အစည်းများရှိနေသော အခြေ အနေနှင့် ကော်မရှင်၏ မေလ ၉ ရက် စစ်တွေခရီးစဉ်တွင် ရခိုင်အ ရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ခြင်းမရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ၎င်းက ယခုကဲ့သို့ 7Day Daily အား ပြောကြားသည်။

ရခိုင်ခရီးစဉ်တွင် ကော်မရှင် အနေဖြင့် တွေ့ဆုံရန် ကမ်းလှမ်းခြင်းမရှိကြောင်းနှင့် ရခိုင်တိုင်း ရင်းသားများ အနေဖြင့်လည်း ကော်မရှင်၏ ဆောင်ရွက်ချက်အ ပေါ် လက်ခံနိုင်ခြင်းမရှိ၍ ယုံကြည်မှုမရှိသေးကြောင်း ရခိုင်လူမှုအဖွဲ့ အစည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (စစ်တွေ)နာယက ဦးသန်းထွန်းက ပြောသည်။

ကိုဖီအာနန်ခေါင်းဆောင် သည့် ရခိုင်အကြံပေးကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးခြင်းမပြုရန် အဖွဲ့အစည်း ၇၀ ကျော်ပါဝင် သော ရခိုင်လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ဆုံးဖြတ်ထားသည့်အပေါ် ကော် မရှင်က ယင်းအဖွဲ့များနှင့် တွေ့ ဆုံနိုင်ရေး ရခိုင်ရှိ ဗုဒ္ဓဘာသာဘုန်း တော်ကြီးများမှတစ်ဆင့် ပန်ကြား ထားသည်။

‘‘ကျွန်တော်တို့က ကမ်းလှမ်း တယ်။ အချိန်မရွေးပါ။ ကျွန်တော် တို့လာဆိုလည်း လာပါ့မယ်။ သူ တို့လာမယ်ဆိုရင်လည်း လာပါ။ အမြဲတမ်းကြိုဆိုပါတယ်၊ ဖိတ် ခေါ်ပါတယ်ဆိုတာ ဒီနေ့ ကျွန် တော်တို့ သွားတုန်းကလည်း ပြော ခဲ့ပါတယ်’’ဟု ဦးအေးလွင်က မေလ ၁၀ ရက်တွင် ပြောသည်။

ရခိုင်ကော်မရှင်အဖွဲ့ဝင်များ သည် စစ်တွေခရီးစဉ်မှ ပြန်လာပြီး နောက် မေလ ၁၀ ရက် ညနေ တွင် ရန်ကုန်မြို့ရှိ ကွဲပြားခြားနား မှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)ရုံး၌ ရခိုင်ဒေသရှိ နှစ်ဖွဲ့ လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး အကြံဉာဏ်များ ရယူ ခဲ့ကြောင်း သတင်းရရှိသည်။

CDNH က  ဆောင်ရွက်နေ သည့် နှစ်ဖွဲ့လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကိုခေါ်ယူပြီး ညှိနှိုင်း ဆွေးနွေးသင်တန်းပေးခြင်း အစီ အစဉ်တွင် ပါဝင်သည့်အနေဖြင့် ကော်မရှင်က သွားရောက်တွေ့ဆုံ ကာ အကြံဉာဏ်များရယူခဲ့ဟု ဦး အေးလွင်က ပြောသည်။

‘‘ရခိုင်အဖွဲ့ကိုလည်း ဆွေး နွေးတယ်။ မွတ်စလင်အဖွဲ့ကို လည်း ဆွေးနွေးတယ်။ အကြံပေး ဖို့အတွက် ကျွန်တော်တို့က အ ချက်အလက်များ စုဆောင်းနေတဲ့ အတွက် သူတို့ဆီက ဘယ်လိုအ ကြံတွေ ပေးချင်လဲ၊ ကျွန်တော်တို့ ရေးတဲ့အထဲမှာ ဘာတွေထည့်စေ ချင်လဲ။ အဲဒါတွေတောင်းခံတဲ့ သဘောပါ။ ပေးတာတွေက အဓိ ကကတော့ တရားဥပဒေစိုးမိုး ရေး၊ နိုင်ငံသားဖြစ်မှုကို အတိအ ကျဆောင်ရွက်ဖို့ နောက်နှစ်ဖက် အဖွဲ့အစည်းပြန်လည်ပြီးတော့ သဟဇာတဖြစ်ရေးအတွက် အ ဟန့်အတားဖြစ်မယ့် ကိစ္စတွေ ဖယ်ရှားဖို့ အဲဒါတွေပါပဲ’’ဟု ဦး အေးလွင်က ပြောသည်။

CDNH သည် ၂၀၁၂ ရခိုင် ပဋိပက္ခအပြီးတွင် ဖွဲ့စည်းသည့် ရခိုင်ပြည်နယ်စုံစမ်းရေးကော် မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်ဖွဲ့စည်းသော အရပ် ဘက်အဖွဲ့အစည်းဖြစ်သည်။

ကော်မရှင်၏ မေလ ၉ ရက်  ရခိုင်ခရီးစဉ် သွားရောက်ခြင်းမှာ ကြားဖြတ်အစီရင်ခံစာပါ အကြံ ပေးမှုနှင့်ပတ်သက်၍ ပြည်နယ် အစိုးရဆောင်ရွက်မှုများ သိရှိရန်ဖြစ်ကြောင်း ကော်မရှင်မှ သိရသည်။ ခရီးစဉ်အတွင်း ကော်မရှင်အနေဖြင့် ပြည်နယ်အစိုးရ၊ UNအဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများ၊ ရခိုင်နှင့် ဘင်္ဂါလီ ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံခဲ့သည်။

===================
251/End