အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက် အရ လာမယ့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က လာမယ့်မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ ပီကျင်းမြို့မှာ ကျင်းပမယ့် Belt and Road Forum for International Cooperation အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာလို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကမှ ဥရောပ ၃ နိုင်ငံခရီးစဉ်ကနေ ပြန်လည်ရောက်ရှိ လာတာဖြစ်ပါတယ်။
===================
251/End
၁၁ မေ ၂၀၁၇ - ၁၃:၅၈
News ID: 829176
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက် အရ လာမယ့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။