အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ရှိတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်နိုင်သည့် နည်းလမ်းဖြင့် ပြင် ဆင်နိုင်သော အပိုဒ်များကို စတင်ပြင်ဆင်ရန် အရေးကြီးကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် မေလ ၁၄ ရက်က ရန်ကုန်မြို့ရှိ ပါ့ခ်ရွိုင်ရယ်ဟိုတယ် တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဦးကိုကိုကြီးက အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာသည် လုပ်နိုင်တဲ့ နည်း လမ်းနဲ့ Priority (ဦးစားပေး) ဘယ် Article (အပိုဒ်)ကို စပြင် မလဲ၊ ဘယ်အချိန်မှာ ဘယ်ဟာ တွေကို စပြင်မလဲ အဲဒါအရေးကြီး တယ်လို့ ကျွန်တော်ထင်တယ်’’ ဟု ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးရရှိမှသာ ဖွဲ့ စည်းပုံပြင်ဆင်နိုင်မည်ဆိုသော အယူအဆကို ၎င်းအနေဖြင့် လက်မခံကြောင်းနှင့် နှစ်ပေါင်း ၇၀ ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခကို တစ်ထိုင် တည်းဖြင့် ပြီးစီးရန်မှာ စိတ်ကူး ယဉ်ဆန်ကြောင်း ဦးကိုကိုကြီးက သုံးသပ်သည်။
‘‘ငြိမ်းချမ်းရေးမရမချင်း ဖွဲ့ စည်းပုံမပြင်တော့ဘူးလို့ ကိုယ့် ခြေထောက်ကိုယ်ကြိုးနဲ့ ချည်လို့ မဖြစ်ဘူး။ ဆိုတော့ ဖွဲ့စည်းပုံပြင် တာက ပရောဆက်။ လုပ်ကိုလုပ် နေရမယ်။ မြန်လေကောင်းလေ၊ ကျွန်တော်လည်း ဖြစ်ချင်တယ်’’ ဟု ၎င်းက ပြောသည်။
အဆိုပါ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကို ကိုကြီး၊ ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးကိုကို (စက်မှုတက္ကသိုလ်)က အစီအစဉ် မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်က လွယ်သည့် အချက်မှ လက်တွေ့ကျသည့် ပုဒ်မများကို စတင်ပြင်ဆင်ရန် မှတ်ချက်ပြုသည်။
ပြင်ဆင်ရန်လွယ်ကူသည့် အချက်များအဖြစ် တိုင်းဒေသ ကြီး၊ ပြည်နယ်လွှတ်တော်များ တွင် သမ္မတက တိုက်ရိုက်ခန့်ရမည့်အစား တိုင်းဒေသကြီး၊ ပြည်နယ်တွင် အများစုအနိုင်ရသည့် ပါတီမှ အမည်စာရင်းတင်သွင်း၍ သမ္မတက အတည်ပြုပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှထွက်ရှိသော သယံဇာတပစ္စည်း များကို ယင်းတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က စီမံခွဲဝေသုံးစွဲခွင့်ရရန် စသည့်အချက်များ ကို ဦးရဲထွဋ်က ဥပမာပေးသည်။
ယင်းအချက်များကို လွှတ် တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကလည်း ကန့် ကွက်မည်မဟုတ်ကြောင်း ဦးရဲ ထွဋ်က သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် တပ် မတော်၏ သဘောထားနှင့် ပူး ပေါင်းပါဝင်ရေးမှာ အရေးကြီး ကြောင်းနှင့် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားမှာလည်း ပါဝင် ထည့်သွင်းစဉ်းစားရန် လိုအပ် ကြောင်း မှတ်ချက်ပြုသည်။
===================
251/End
၁၅ မေ ၂၀၁၇ - ၁၇:၀၇
News ID: 829976

လက်ရှိတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်နိုင်သည့် နည်းလမ်းဖြင့် ပြင် ဆင်နိုင်သော အပိုဒ်များကို စတင်ပြင်ဆင်ရန် အရေးကြီးကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။