အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးလို ချင်ပါက မည်သည့်နည်းနှင့်မဆို ကြိုးစားရယူနိုင်ပြီး ငြိမ်းချမ်းရေး အတွက် စစ်မှန်သည့် ဆန္ဒရှိ၊ မရှိပြည်သူလူထုနှင့် သမိုင်းက ဆုံးဖြတ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPD JC) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်က မေလ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပ သည့် UPDJC အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။
‘‘ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ် သက်လို့ အောင်မြင်ခြင်း၊ မ အောင်မြင်ခြင်းဟာ နောက်ဆုံးက ဆန္ဒနဲ့ပဲ ဆိုင်ပါတယ်။ ဆန္ဒကလွဲလို့ တခြားမဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ ကျွန်မ တို့ ခဏခဏ ပြောပါတယ်။ အောင်မြင်ခြင်း တရားလေးပါးဆို တာ ဆန္ဒနဲ့ပဲ စတာပဲ။ ငြိမ်းချမ်း ရေးလိုချင်လို့ရှိရင် ဘယ်လိုနည်း နဲ့မဆို ကျွန်မတို့ ရယူလို့ရပါ တယ်။ ငြိမ်းချမ်းရေးမလိုချင်လို့ရှိ ရင်တော့ နည်းအမျိုးမျိုးနဲ့ ငြိမ်း ချမ်းရေးကြန့်ကြာအောင် လုပ် တယ်ဆိုတာ ဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက် ၍ ကြိုးပမ်းခဲ့သည့် တစ်နှစ်ကျော် အတွင်း ဖြစ်ရိုးဖြစ်စဉ်များဖြစ် သည့် အနိမ့်အမြင့်၊ ရှေ့တိုး နောက်ဆုတ် အခြေအနေများ ရှိ ခဲ့သော်လည်း အားလုံးခြုံကြည့် ပါက တိုးတက်မှုရှိသည်ဟု ယူဆ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။
‘‘ကျွန်မတို့ဟာ တကယ်ပဲဆန္ဒရှိရဲ့လား။ တကယ်ပဲဆန္ဒရှိမှ တခြား ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့နဲ့ ကျွန်မတို့ပံ့ပိုးပြီး အောင်မြင်ခြင်း ကို ရနိုင်မှာပါ။ ဒါကြောင့်အစည်းအဝေးကို ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ငြိမ်းချမ်းရေးအ တွက် စစ်မှန်တဲ့ဆန္ဒရှိတယ်ဆို တာ ကျွန်မအနေနဲ့ မျှော်လင့်ပါ တယ်။ ရှိတာ၊ မရှိတာက နောက်ဆုံးမှာ ဘယ်သူက ဆုံးဖြတ်မလဲ ဆိုတော့ ပြည်သူလူထုနဲ့ သမိုင်းက ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ ပစ္စုပ္ပန်ကာလ ပြည်သူမဟုတ်ဘူး။ နောင်လာမယ့် နောင်သားများ မျိုးဆက်က ဆုံးဖြတ်မယ်ဆိုတာ သမိုင်းက ဆုံးဖြတ်ခြင်းပဲဖြစ်မှာပါ’’ဟု ၎င်း ကပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ကမ္ဘာက စိတ်ဝင်စားနေ ပြီး မြန်မာ့ငြိမ်းချမ်းရေး အောင် မြင်မှုသည် နိုင်ငံတစ်ခုတည်း၏ အောင်မြင်မှုမဟုတ်ဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အောင်မြင်မှုဆို၍ သတ်မှတ်သူ များရှိကြောင်း ၎င်းကပြောကြား သည်။
အစိုးရသစ်လက်ထက်တွင် ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအောင်မြင် ရေး အားလုံးတွင် တာဝန်ရှိ၍ အောင်မြင်မှုအတွက် အားလုံး ဝိုင်းဝန်းကာ စေတနာမှန်မှန်ဖြင့် ကြိုးစားမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
===================
251/End
ငြိမ်းချမ်းရေးအတွက် စစ်မှန်သည့်ဆန္ဒရှိ၊ မရှိ ပြည်သူလူထုနှင့် သမိုင်းက ဆုံးဖြတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
၁၅ မေ ၂၀၁၇ - ၁၈:၂၇
News ID: 829995
ငြိမ်းချမ်းရေးလို ချင်ပါက မည်သည့်နည်းနှင့်မဆို ကြိုးစားရယူနိုင်ပြီး ငြိမ်းချမ်းရေး အတွက် စစ်မှန်သည့် ဆန္ဒရှိ၊ မရှိပြည်သူလူထုနှင့် သမိုင်းက ဆုံးဖြတ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။