အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရားဟောခွင့်တစ်နှစ် ပိတ်ပင်ခံထားရသော်လည်း နယ် လှည့်အပူဇော်ခံ၍ ၀စီပိတ်တရား ပွဲများပြုလုပ်နေသည့် ဆရာတော် ဦးဝီရသူ၏ ပြုမူလုပ်ဆောင်ချက် ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဓမ္မ၊ အဓမ္မ ဟုတ်၊ မဟုတ်ခွဲခြားဆုံးဖြတ်ပေးရေးတောင်းဆိုသည့် လူထုလက်မှတ်ကောက်ခံရေးလှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်း ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အဓမ္မ၀ါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်သူ ကိုမြတ်ကျော်က ပြောသည်။
အဆိုပါ လက်မှတ်ကောက် ခံရေးနှင့်ပတ်သက်၍ အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက မေလ ၁၆ ရက်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး လက်မှတ်များကို မေလ ၂၁ ရက်တွင် တောင်ဥက္ကလာပမြို့နယ် ပါရမီကားဝင်းအနီး စတင်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘ကျွန်တော်နိုင်သလောက် ကောက်မှာပါ။ ကျွန်တော်တို့ အားရှိသလောက် လုပ်ကြမယ်။ ရန်ကုန်က မြို့နယ် အစုံကလူတွေ ပါအောင် ကျွန်တော်တို့ ကြိုးစား မယ်’’ဟု ကိုမြတ်ကျော်က ပြော သည်။
ရရှိသောလက်မှတ်များကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များသို့ ထပ်မံတင်ပြ မည်ဖြစ်ပြီး သာသနာရေးဝန်ကြီး ဌာနသို့လည်း တင်ပြမည်ဖြစ် သည်။
ဓမ္မမဟုတ်သော၊ လူမျိုးရေး ခွဲခြားသော၊ အမုန်းတရားများဖြန့် ဝေသောသူများကို ဥပဒေအရ အ ရေးယူခြင်းကို ကြိုဆိုကြောင်းနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အမုန်းတရားဖြန့်ဝေနေသူများကို ထိရောက်စွာအရေးယူရန် လိုအပ်ကြောင်း ကိုမြတ်ကျော်ကပြောသည်။
ဦးဝီရသူ၏ ပြုမူလုပ်ဆောင် ချက်များသည် ဓမ္မ၀ါဒ (သို့မ ဟုတ်) အဓမ္မ၀ါဒဖြစ်သည်ဆိုခြင်း ကို သံဃ၀ိနစ္ဆယခုံရုံးဖွဲ့စည်းကာ ဖြေရှင်းဆုံးဖြတ်ပေးရန် တောင် ဒဂုံမြို့နယ်ရှိ ပြည်သူ ၅၀၀ က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သော်လည်း တစ်လခန့်ကြာချိန်အထိ တုံ့ပြန်မှုမရှိသေး၍ ထပ်မံကောက်ခံကာ တင်ပြရန် ကြိုးစားခြင်းဖြစ်သည်။
အဓမ္မ၀ါဒဆန့်ကျင်ရေး ကော်မတီ၏ သတင်းစာရှင်းလင်း မှုနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူထံသို့ မေလ ၁၆ ရက်က ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရခဲ့ပေ။
အဓမ္မ၀ါဒ ဆန့်ကျင်ရေး ကော်မတီကို တောင်ဒဂုံမြို့နယ်ရှိ လူငယ်များဖြင့် ဧပြီတွင် စတင်ဖွဲ့ စည်းခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့ ရှိ အခြားမြို့နယ်များမှ အဖွဲ့ဝင် များအပါအ၀င် ငါးဆယ်ဦးရှိ ကြောင်းနှင့် အခြားမြို့နယ်များ တွင် ကော်မတီများ တိုးချဲ့ဖွဲ့စည်း မည်ဖြစ်ကြောင်း ကိုမြတ်ကျော် က ပြောသည်။
===================
251/End
ဦးဝီရသူ၏ လုပ်ဆောင်ချက်အပေါ် ဓမ္မ၊ အဓမ္မ ဟုတ်၊ မဟုတ် ခွဲခြားဆုံးဖြတ်ပေးရန် လက်မှတ်ကောက်ခံရေးလှုပ်ရှားမှု ရန်ကုန်တိုင်းတွင် ပြုလုပ်မည်
၁၆ မေ ၂၀၁၇ - ၁၅:၀၂
News ID: 830143
တရားဟောခွင့်တစ်နှစ် ပိတ်ပင်ခံထားရသော်လည်း နယ် လှည့်အပူဇော်ခံ၍ ၀စီပိတ်တရား ပွဲများပြုလုပ်နေသည့် ဆရာတော် ဦးဝီရသူ၏ ပြုမူလုပ်ဆောင်ချက် ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဓမ္မ၊ အဓမ္မ ဟုတ်၊ မဟုတ်ခွဲခြားဆုံးဖြတ်ပေးရေးတောင်းဆိုသည့် လူထုလက်မှတ်ကောက်ခံရေးလှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်း ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အဓမ္မ၀ါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်သူ ကိုမြတ်ကျော်က ပြောသည်။