အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့အထူးတန်းဝင် ကော်ဖီ ၇၂ တန်ကို အမေရိကန် နိုင်ငံသို့ ဒုတိယအကြိမ်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သတင်းရရှိသည်။
၂၀၁၆ က မြန်မာနိုင်ငံမှ အထူးတန်းဝင် အာရေဘီကား ကော်ဖီ ၃၆ တန်ကို အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ အခြေစိုက် သွင်းကုန်ကုမ္ပဏီတစ်ခုက ပထမ ဆုံးအကြိမ် ၀ယ်ယူပြီး ယခုနှစ် တွင်လည်း အဆိုပါကုမ္ပဏီအပါ အ၀င် အမေရိကန် အခြေစိုက် ကော်ဖီဝယ်ယူသူများအဖွဲ့က ၇၂ တန်ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။
‘‘စာချုပ်လည်း ချုပ်ပြီးသွား ပြီ။ ကုမ္ပဏီအစုံက၀ယ်တာ။ အ ရင်နှစ်က ၀ယ်ခဲ့တဲ့ ကုမ္ပဏီလည်း ပါတယ်။ အားလုံးအဖွဲ့လိုက်လာ ကြည့်ပြီးတော့ ၀ယ်သွားတာ’’ဟု မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောသည်။
အမေရိကန်ကော်ဖီဝယ်ယူ သူများအဖွဲ့က ဧပြီကတည်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ကော်ဖီဝယ်ယူရန် ညှိနှိုင်းခဲ့ကာ မေလအတွင်း စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ကော်ဖီ ဈေးနှုန်းများ မှာ အရည်အသွေးအလိုက် တစ် တန်လျှင် အမေရိကန် ဒေါ်လာ ၄,၄၀၀ မှ ၇,၀၀၀ ခန့်အထိ ဈေး ကောင်းရရှိကြောင်း ၎င်းက ပြော သည်။
ယခုလအတွင်း ၃၆ တန် တင်ပို့မည်ဖြစ်ပြီး ဇွန်လတွင် ကျန်ရှိသည့် ၃၆ တန်ကို တင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်နှစ်က ၀ယ်ယူခဲ့ သည့် မြန်မာ့တန်းမြင့်ကော်ဖီများ ကို အမေရိကန် ဈေးကွက်တွင် လူသိများလာရန် ၀ါရှင်တန်မြို့၌ ၂၀၁၆ သြဂုတ် ၂၃ ရက်က အ ရောင်းမြှင့်တင်မိတ်ဆက်ပွဲပြုလုပ်ရာ စိတ်ဝင်စားမှုရရှိကြောင်း ဦးရဲမြင့်က ပြောသည်။ အမေရိကန်ကော်ဖီသောက်သုံးသူများက မြန်မာ့ကော်ဖီကို စိတ်ဝင်စားသဖြင့် အမေရိကန် ကော်ဖီကုမ္ပဏီများကလည်း ၀ယ်ယူရန် စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။
အမေရိကန် နိုင်ငံတကာဖွံ့ ဖြိုးရေးအေဂျင်စီ (USAID) ၏ ငွေကြေးထောက်ပံ့မှုဖြင့် Winrock International က ၂၀၁၄ ကစ၍ မြန်မာ့ကော်ဖီကို အရည်အသွေး မြင့်ထုတ်လုပ်နိုင်ရန် အကူအညီ များပေးခဲ့ပြီးနောက် အထူးတန်း ၀င်ကော်ဖီများထုတ်လုပ်လာနိုင် ခြင်း ဖြစ်သည်။
၂၀၁၆ က မြန်မာ့ အထူးတန်းဝင်ကော်ဖီ ၅၄ တန်ကို အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။
===================
251/End
၂၁ မေ ၂၀၁၇ - ၁၃:၄၃
News ID: 830978
မြန်မာ့အထူးတန်းဝင် ကော်ဖီ ၇၂ တန်ကို အမေရိကန် နိုင်ငံသို့ ဒုတိယအကြိမ်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သတင်းရရှိသည်။