၂၆ မေ ၂၀၁၇ - ၁၇:၀၅
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားမှုကို ရခိုင်အမျိုးသားပါတီ ကန့်ကွက်

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (ALD)၏ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်လျှောက် ထားမှုအပေါ် ရခိုင်အမျိုးသားပါ တီ (ANP)က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံသို့ ကန့် ကွက်စာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (ALD)၏ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်လျှောက် ထားမှုအပေါ် ရခိုင်အမျိုးသားပါ တီ (ANP)က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံသို့ ကန့် ကွက်စာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD)မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ရန် မေလ ၂၂ ရက်တွင် လျှောက် ထားခဲ့ပြီး ပါတီအမည်၊ အလံ နှင့် တံဆိပ်တို့ကို ကန့်ကွက်နိုင် ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ခဲ့သည်။

‘‘ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အလံနဲ့ တံဆိပ်မှာ သုံးထားတဲ့ ရခိုင်လူမျိုးတွေရဲ့ သင်္ကေတဖြစ်တဲ့ ရခိုင်ဗျာလရုပ် ဟာ ကျွန်တော်တို့ ရခိုင်အမျိုး သားပါတီမှာ သုံးထားတဲ့အရုပ်ရဲ့ အရောင်ရော၊ အရုပ်ရော၊ အနေ အထားရော အားလုံးတူနေတဲ့ အတွက် ကျွန်တော်တို့ ရခိုင်အမျိုး သားပါတီရဲ့ ရပ်တည်မှုဟာ ဒီလို တံဆိပ်တွေတူနေရင် ကျွန်တော် တို့ရပ်တည်မှုကို ထိခိုက်လာနိုင် တယ်’’ဟု ရခိုင်အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦး ထွန်းအောင်ကျော်က ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအတိုင်း မေလ ၂၃ ရက်က ANP ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ ညွှန်ကြားချက်အရ ကန့်ကွက်ခြင်း ဖြစ်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆုံးဖြတ်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၄ မတ်လ ၆ ရက်တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။

‘‘အလံတို့၊ တံဆိပ်တို့မှာ ရခိုင်ပြည်နယ်အလံပဲဖြစ်ဖြစ်၊ တခြား နိုင်ငံရေးပါတီပဲဖြစ်ဖြစ် အဖြူ၊အနီဆိုတာ ရခိုင်တို့ရဲ့ အရောင်ရွေးချယ်မှု သင်္ကေတဖြစ် တယ်လေ။ အမျိုးသားရေးနဲ့ဆိုင် တဲ့ ရုပ်တုဖြစ်တယ်။ ဘယ်ရခိုင် မဆို သုံးလို့ရတယ်လေ။ ဒီဟာ အတွက်ကတော့ ပြဿနာမဖြစ် နိုင်ပါဘူး။ ရုပ်သဏ္ဌာန်တူတယ် ဆိုတာလည်း သမိုင်းဆိုင်ရာဟာ တွေကို အန်ကယ်တို့က ဟန် ပြောင်းလိုက်တာနဲ့ သမိုင်းကိုဖျက် ရာလည်းရောက်တယ်ပေါ့။ ဒီ အတွက် သုံးထားရခြင်းဖြစ်တယ်’’ ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ဦးမျိုးကျော်က ၎င်းတို့ပါတီ ကန့် ကွက်ခံရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ပါတီတံဆိပ်နှင့်ပတ်သက် ပြီး အသုံးပြုခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံး ဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၃ တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)နှင့် ရခိုင်တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်း၍ ရခိုင် အမျိုးသားပါတီ (ANP)ကို ထူ ထောင်ခဲ့သည်။

၂၀၁၆ နှစ်ဆန်းတွင် ANP ပါတီ၏ မူဝါဒပိုင်းဆိုင်ရာ ဆုံး ဖြတ်ချက်ချမှတ်မှုများ၊ မဟာမိတ် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ပါတီခေါင်း ဆောင်များအကြား သဘောထား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ALD ဘက်ခြမ်းမှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ခြောက်ဦး ကို ANP ပါတီက ထုတ်ပယ်ခဲ့ သည်။

ထို့နောက် ALD တွင် ယခင် က တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်များ က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကို တရားဝင်မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

===================
251/End