၂၉ မေ ၂၀၁၇ - ၁၇:၅၈
ငြိမ်းချမ်းရေး ပြည်တွင်းအလှူငွေ ကျပ် ၁၅ ဘီလီယံခွဲခန့်ရရှိ

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် လှူဒါန်းငွေရရှိထားမှုမှာ မေလ ၂၉ ရက်နေ့ မနက်ပိုင်းအထိ ကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ကျော်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် လှူဒါန်းငွေရရှိထားမှုမှာ မေလ ၂၉ ရက်နေ့ မနက်ပိုင်းအထိ ကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ကျော်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အလှူငွေတွေဟာ ပြည်တွင်း အလှူရှင်တွေရဲ့ ထည့်ဝင်ငွေဖြစ်ပြီး တဦးချင်း အလှူငွေအနေနဲ့ ကျပ် ၃၀၀၀ ကနေ အများဆုံး တဦးချင်းအလှူငွေအဖြစ် ကျပ် ၃ ဘီလီယံ ကျော် လှူဒါန်းတာမျိုးတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း စီးပွားရေးလုပ်ငန်းရှင်တဦးက ငြိမ်းချမ်းရေးကော်မရှင်ထံကို   ကျပ် သိန်း ၁၅၀ လှူဒါန်းခဲ့ပါတယ်။

“ငြိမ်းချမ်းရေးအလုပ်တွေလုပ်တဲ့ နေရာမှာသုံးဖို့ လာလှူတာပါ။ ဘာသဘောမှ မရှိပါဘူး”လို့ Myanmar Marker Home ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးလှိုင်မင်းထွန်းက ပြောပါတယ်။

လှူဒါန်းငွေတွေကို ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံထားပြီး မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်ဘဏ်ခွဲ)မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ပြီး ငွေစာရင်းဖွင့်လက်ခံခဲ့တာ ဖြစ်ပါတယ်။

===================
251/End