၂ ဇွန် ၂၀၁၇ - ၁၇:၀၈
သာသနာရေးဝန်ကြီးအား ဆန္ဒပြပွဲတွင် ခွင့်ပြုချက်တောင်းခံသူကို အမှုဖွင့်

သာသနာရေးဝန် ကြီးအား ကန့်ကွက်ဆန္ဒပြရာတွင် ကြိုတင်ညှိနှိုင်းထားသည့် ကြွေး ကြော်သံ စည်းကမ်းချက်များ ဖောက်ဖျက်ခဲ့သည့်အတွက် ခွင့်ပြု ချက်တောင်းခံသူ ဦးကျော်မျိုး သက်ကို အမှုဖွင့်ထားကြောင်း ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သာသနာရေးဝန် ကြီးအား ကန့်ကွက်ဆန္ဒပြရာတွင် ကြိုတင်ညှိနှိုင်းထားသည့် ကြွေး ကြော်သံ စည်းကမ်းချက်များ ဖောက်ဖျက်ခဲ့သည့်အတွက် ခွင့်ပြု ချက်တောင်းခံသူ ဦးကျော်မျိုး သက်ကို အမှုဖွင့်ထားကြောင်း ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆန္ဒပြဖို့တင်တဲ့ ဦးကျော် မျိုးသက်တစ်ဦးတည်းပေါ့။ တို့က ပုဒ်မ ၄(စ)နဲ့ ကြိုတင်ညှိနှိုင်းတာ ပေါ့။ အဲဒီမှာ ကြွေးကြော်ဖို့ သဘောမတူထားတဲ့ အချက်တွေရှိတယ်။ အဲဒီအချက်တွေကို သူတို့ဖောက်ဖျက်တယ်။ ဖောက်ဖျက်တဲ့အတွက် ပုဒ်မ ၂၀နဲ့ ငြိတယ်’’ဟု ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သည့် အဖွဲ့ သည် ဟောပြောပွဲတွင် ကြွေး ကြော်ခြင်းမပြုရန် ကြိုတင်ညှိနှိုင်း သဘောတူထားသော စာသား များကို ကြွေးကြော်ခဲ့ပြီး ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀(ဋ)ပါ စည်းကမ်း ချက်ကို ဖောက်ဖျက်ကြောင်း ပေါ်ပေါက်၍ ယင်းဥပဒေပုဒ်မ ၂၀ဖြင့် အမှုဖွင့်အရေးယူခြင်းဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

ဦးကျော်မျိုးသက်ကို တောင် ညိုရဲစခန်းတွင် မေလ ၃၁ ရက် က ငြိမ်းချမ်းစွာစီးလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၂၀)ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ယင်းပုဒ်မအ တွက် အမြင့်ဆုံးထောင်ဒဏ်တစ် လချမှတ်နိုင်သည်။ လက်ရှိ  နေပြည်တော်မှရဲတပ်ဖွဲ့တာဝန်ရှိသူများက ရန်ကုန်သို့ လာရောက်ကာ ကိုကျော်မျိုးသက်ကို လာရောက်ခေါ်ဆောင်၍ ဖမ်းဆီးခြင်းပုံစံမဟုတ် ဘဲစစ်ဆေးရန်သာဖြစ်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးတင့်လွင်က ပြောသည်။

‘‘ငါတို့ကြွေးကြော်သံတွေ ဖောက်ဖျက်တယ်ဆိုတော့လည်း ကြွေးကြော်သံတွေလည်း ငါတို့ မကြွေးကြော်ခဲ့ရဘူး။ ငါတို့သွား တဲ့အချိန်မှာ ဘာကြွေးကြော်သံမှ မကြွေးကြော်ခဲ့ရဘူး။ မန္တလေးက လာတဲ့ သံဃာတော်တွေအဖွဲ့က တော့ ကွင်းထဲရောက်မှ သူတို့ ကြွေးကြော်သံတွေ လုပ်တယ်လို့ ကြားတာပဲ။ ဒီအပေါ်မှာတော့ ဘာမှတ်ချက်မှ မပေးလိုဘူး’’ဟု ၎င်းက ပြောသည်။

===================
251/End