အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံတွင် တရား မ၀င်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး တရားမ၀င်မြန်မာလုပ်သားများကို စီမံချက်ဖြင့် ဖမ်းဆီးမည့် သတင်းများကြောင့် မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော တရားမ၀င်မြန်မာလုပ်သား ရာနှင့်ချီ ပြန်လာနေကြောင်း သတင်းရရှိသည်။
ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စက်ရုံ၊ အလုပ်ရုံ များတွင် တရားမ၀င်အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သား ၂၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်း ဆီးကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
‘‘တရားမ၀င်လုပ်သားတွေ ၂၀၀ လောက် အဖမ်းခံရတယ်။ အခု သတင်းထွက်နေတာက တရားမ၀င်လုပ်သားတွေ ခိုင်းတဲ့ အလုပ်ရှင်ဆို ဒဏ်ငွေ ဘတ်ငွေ လေးသိန်းကနေ ရှစ်သိန်းထိ ချ မယ်လို့ ထုတ်ထားတယ်။ အဲဒါ ကြောင့် အလုပ်ရှင်တွေက သူတို့ အလုပ်သမားတွေကို ယာယီ ရှောင်ခိုင်းနေတာလည်းပါတယ်’’ ဟု ဦးမိုးကြိုးက ပြောသည်။
ထို့အပြင် တရားမ၀င်မြန်မာလုပ်သားများကို ဇွန်လ ၁ ရက်မှ ၄ ရက်အထိ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမည့် သတင်းများကြောင့် မဲဆောက်မြို့၌ အလုပ်လုပ်ကိုင်နေသော တရားမ၀င်မြန်မာလုပ်သား ရာနှင့်ချီ ဇွန်လ ၁၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာနေကြောင်း ၎င်းက ပြောသည်။
‘‘ပြီးခဲ့တဲ့ မေလကတည်းက ဖမ်းနေတာ။ အခုလည်း လေးရက် ဆက်တိုက်ဖမ်းမယ်ပြောလို့ ပြန် ကုန်ကြပြီ။ အထောက်အထားမရှိ တဲ့သူတွေတော့ ဘယ်နေရဲတော့ မလဲ။ ပြန်ကြတာပဲကောင်းတယ် လေ။ ဒီနေ့ပဲ လှေတွေနဲ့ရော တော်တော်လေး ပြန်ကုန်ကြပြီ’’ ဟု မဲဆောက်မြို့ရှိ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော စက်ရုံတွင် အ လုပ်လုပ်ကိုင်နေသူ ကိုမြတ်သူက ပြောသည်။
‘‘ထိုင်းနိုင်ငံမှာ ဆက်လက် နေထိုင်လုပ်ကိုင်ချင်တယ်ဆိုရင် အလုပ်ရှင်ဘက်ကလည်း ဥပဒေ အတိုင်း၊ တရားဝင်လမ်းကြောင်း အတိုင်း ဆောင်ရွက်ရမှာဖြစ်သလို ပဲ ရွှေ့ပြောင်းအလုပ်သမားတွေ ဘက်ကလည်း ဖမ်းပြီဟေ့ဆိုရင် ဟိုပြေးရေ၊ ဒီရှောင်ရနဲ့ တရားမ ၀င်ဘ၀တွေ၊ အထောက်အထားမ စုံလင်တဲ့ဘ၀တွေကို အမြန်ဆုံးပြု ပြင်ပြောင်းလဲပစ်ပြီး အလုပ်ရှင်ကို ကျွန်တော့်ဆီမှာပဲ ဆက်လက်မြဲမြဲ လုပ်ပေးပါ့မယ်လို့ ယုံကြည်မှု တည်ဆောက်စေချင်ပါတယ်’’ဟု ဦးမိုးကြိုးက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံ မဲ ဆောက်မြို့တွင် တရားမ၀င်အ လုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ ပြောင်းလုပ်သားများကို ထိုင်းစစ် တပ်နှင့် ရဲတပ်ဖွဲ့တို့က မေလအ တွင်းက ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေရာ မြန်မာလုပ်သား ၃၀၀ ခန့် ဖမ်းဆီးခံရသည်။
မေလ ၁၄ ရက်တွင် မဲ ဆောက်မြို့ ကျေးရွာများရှိ စိုက် ပျိုးခင်းများနှင့် စက်ရုံများ၌ တ ရားမ၀င်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ခန့်ကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း ဦးမိုးကြိုးက ပြောသည်။ ထို့အပြင်မေလ ၁၆ ရက်က မြန်မာလုပ်သား ၁၀၀ခန့်၊ ၁၇ ရက်တွင် မြန်မာလုပ်သား၁၀၀ ခန့်ကို ဖမ်းဆီးကာ လေးရက်အ တွင်း မြန်မာလုပ်သား ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။
===================
251/End
၂ ဇွန် ၂၀၁၇ - ၁၈:၀၈
News ID: 833753
ထိုင်းနိုင်ငံတွင် တရား မ၀င်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး တရားမ၀င်မြန်မာလုပ်သားများကို စီမံချက်ဖြင့် ဖမ်းဆီးမည့် သတင်းများကြောင့် မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော တရားမ၀င်မြန်မာလုပ်သား ရာနှင့်ချီ ပြန်လာနေကြောင်း သတင်းရရှိသည်။