အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်း မွန်လျက်ရှိပြီး အစားအသောက် စတင်စားလာနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပြော သည်။
‘‘ဒီနေ့ (ဇွန်လ ၂ ရက်)ဆီးပိုက်ဖြုတ်တယ်။ အစားအသောက်တ ချို့ မျိုချနိုင်လာတယ်။ ကျွန်တော်တို့လေ့ကျင့်ခန်းတွေ ဆက်လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။
စကားပြောနိုင်ရန်၊ ညာ ဘက်ခြေထောက်နှင့် လက်ပြန် ကောင်းလာစေရန် ကုသမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေါက်တာအေးကိုကိုက ပြောသည်။ ကျန်းမာရေးကောင်းမွန်လာ သော်လည်း ဆေးရုံဆင်းရန် ရက် အနည်းငယ်ကြာဦးမည်ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦးသည် မေလ ၁၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးသို့ ဦနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဖြင့် တက်ရောက် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦးဆေးရုံ တက်သည့် ခုနစ်ရက်မြောက်နေ့ မေလ ၂၄ ရက်တွင် အသက်အန္တ ရာယ်စိုးရိမ်ရသည့်အဆင့်ကို ကျော်လွန်ကာ အခြေအနေတိုး တက်ကောင်းမွန်လာ၍ အထူး ကြပ်မတ်ဆောင်မှ နှလုံးကုသ ဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ဆေးကုသမှုခံယူနေသော ဦးတင်ဦးထံသို့ အစိုးရအဖွဲ့ တာ ဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ဆရာတော်၊ သံဃာ တော်များ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ လာရောက်ကြည့်ရှုအား ပေးလျက်ရှိသည်။
===================
251/End
၃ ဇွန် ၂၀၁၇ - ၁၄:၂၀
News ID: 833919
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်း မွန်လျက်ရှိပြီး အစားအသောက် စတင်စားလာနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပြော သည်။