အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇွန်လ ၈ ရက် ။ ။ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်ကြသူများအား စုစုပေါင်း တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
လေယာဉ်ပျက်ကျရာတွင် ပါဝင်ကြသည့် တပ်မတော်သားများ၊ မိသားစုဝင်များ၏ ကျန်ရစ်သူ မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ယနေ့ ဇွန်လ ၈ ရက်၊ နေ့လယ်ပိုင်းတွင် မြိတ်မြို့၊ မြိတ်လေတပ်စခန်း ဌာနချုပ် မောတောင်ခန်းမ၌ ဖြစ်စဉ်တွင်ပါဝင်ခဲ့သော အရာရှိ၊ စစ်သည် မိသားစုဝင်များ၏ ကျန်ရစ်ခဲ့သော တပ်မတော်သားမိသားစုဝင်များအား တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဖြစ်စဉ်တွင်ပါဝင်သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စစ်ရေးချုပ်ရုံးမှ ထောက်ပံ့ငွေ (၅)သိန်း၊ တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေ (၂)သိန်း၊ စုစုပေါင်း တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ပေးအပ်ကာ ဆက်လက်ပြီး တပ်မတော်သားမိသားစုဝင်များအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်တွင် ကလေးငယ် ၁၅ ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၀၈ ဦး လိုက်ပါလာခြင်းဖြစ်ကာ လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါလာ၍ စုစုပေါင်း ၁၂၂ ဦးဖြစ်သည်။
က်ရှိအချိန်တွင် အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိထားသည်။
===================
251/End
၈ ဇွန် ၂၀၁၇ - ၁၀:၁၁
News ID: 835144
ဇွန်လ ၈ ရက် ။ ။ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်ကြသူများအား စုစုပေါင်း တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။