၁၀ ဇွန် ၂၀၁၇ - ၀၈:၂၅
The Voice အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်ကို ရုံးပိတ်ရက်၌ ချုပ်ရက် ရမန်ယူခဲ့သည့်အပေါ် ဦးဝင်းထိန်ဝေဖန်

The Voice အယ် ဒီတာချုပ်နှင့်ဆောင်းပါးရှင်ကို ရုံး ပိတ်ရက်အတွင်း ချုပ်ရက်ရမန်ယူ မှုနှင့်ပတ်သက်၍ မဖြစ်သင့် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်း ထိန်က ဝေဖန်ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 The Voice အယ် ဒီတာချုပ်နှင့်ဆောင်းပါးရှင်ကို ရုံး ပိတ်ရက်အတွင်း ချုပ်ရက်ရမန်ယူ မှုနှင့်ပတ်သက်၍ မဖြစ်သင့် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်း ထိန်က ဝေဖန်ပြောကြားသည်။

‘‘အခုဒီဟာ (The Voice) ကိစ္စကတော့ လွန်ပါတယ်။ စနေ၊ တနင်္ဂနွေ ဗြုန်းစားကြီးရုံးဖွင့်ပြီး တော့ အရေးယူတာ’’ ဟု ဇွန်လ ၉ ရက်က နေပြည်တော်ရှိစည်ပင် ဧည့်ရိပ်သာအတွင်း မီဒီယာများ ၏ မေးမြန်းမှုကို ဦးဝင်းထိန်ကပြန် လည်ဖြေကြားခဲ့သည်။

The Voice Daily သတင်းစာတွင် မတ်လ ၂၆ ရက်က ‘ကျည် ထောင်စုသစ္စာ’ သရော်စာဆောင်းပါးရေးသားဖော်ပြခဲ့၍ တပ်မ တော်က အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကို မောင်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဗဟန်းမြို့နယ်ရဲစ ခန်း၌ အမှုဖွင့်တရားစွဲဆိုထား သည်။

အဆိုပါသရော်စာနှင့်ပတ် သက်၍ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ တိုင်ကြား စာပေးပို့ပြီးနောက်     မီဒီယာ ကောင်စီက ကြားဝင်ညှိနှိုင်းဆွေး နွေးခဲ့သည်။

သို့သော် ယင်းသို့ညှိနှိုင်းနေ ချိန်အတွင်း The Voice သတင်း စာအယ်ဒီတာချုပ် ဦးကျော်မင်း ဆွေနှင့် ဆောင်းပါးရှင်ကို ဇွန်လ ၂ ရက် သောကြာနေ့တွင် ဗဟန်း ရဲစခန်း၌ ဖမ်းဆီးပြီး ရုံးပိတ်ရက် စနေနေ့တွင် ဗဟန်းမြို့နယ်တရား ရုံးကို သီးသန့်ဖွင့်လှစ်၍ ချုပ်ရက် ရမန်ယူခြင်းဖြစ်သည်။

‘‘ဥပဒေမှာရှိတယ်။ တကယ့် အရေးကြီးတဲ့ကိစ္စပေါ့။ နိုင်ငံတော်ပုန်ကန်မှုလိုဟာမျိုးတွေ၊   လူ သတ်၊ မုဒိမ်းတွေ တရားခံထွက် ပြေးမှာစိုးလို့ Holiday မှာရမန်ယူ ခိုင်းတာတွေရှိတယ်။ အခုဟာက ဘာမှမဟုတ်တာကို စနေ၊ တနင်္ဂ နွေမှာလုပ်တယ်’’ ဟု ဦးဝင်းထိန် ကထောက်ပြပြောဆိုသည်။

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့်ဖမ်းဆီးတရားစွဲဆိုခံရ သည့် The Voice သတင်းစာအယ် ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို ဇွန်လ ၈ ရက်က ဗဟန်းမြို့နယ်တ ရားရုံးတွင် ပထမအကြိမ်ရုံးထုတ် ခဲ့ပြီး ၎င်းတို့၏ အကျိုးဆောင်ရှေ့ နေက အာမခံပေးရန် လျှောက် ထားမှုကို ဗဟန်းမြို့နယ် တရား သူကြီးကပယ်ချခဲ့သည်။

ယင်းကဲသို့အာမခံပေးခြင်း၊ မပေးခြင်းသည် တရားသူကြီး၏ သဘောထားအပေါ်တွင် မူတည် ၍ ၎င်း၏ဆင်ခြင်တုံတရားအပေါ် ၌ မူတည်ကာ ဆုံးဖြတ်ခြင်းဖြစ် သည်ဟု ဦးဝင်းထိန်ကဆိုသည်။

‘‘အရင်တုန်းကဆိုရင် ပုသိမ် မှာ ဖြစ်ဖူးတယ်။  ၆၆ (ဃ)ပဲ။ တရားသူကြီးက    အာမခံပေး တယ်။ နောက်တော့အလဲဗင်းမီဒီယာက ဒေါက်တာသန်းထွဋ်အောင် အမှုမှာ ပထမမပေးဘူး။ နောက် တော့ပေးတယ်။ အခုကိစ္စမှာမကျ မပေးဘူး။ အဲဒီတော့တရားသူကြီး လည်းလူပဲ။ လူအချင်းချင်း မတူ ဘဲဆုံးဖြတ်တဲ့အခါမှာ အဂတိ လိုက်သလား၊ မလိုက်သလားဆို တာ ကိုယ်တို့ ဆုံးဖြတ်ရခက် တယ်’’ ဟု ၎င်းကသုံးသပ်ပြော ကြားသည်။

ဆက်လက်၍ ‘‘အဲဒီဆင်ခြင် တုံတရားကြီးက လူတွေကိုဒုက္ခ ပေးနေတာ။ ဘယ်လိုဆင်ခြင်မ လဲ။ ဒုက္ခရောက်တဲ့သူအတွက် ဆင်ခြင်မလား၊    တိုင်တဲ့သူအ တွက် ဆင်ခြင်မလား’’ ဟု ဦးဝင်း ထိန်က ဆက်လက်ပြောသည်။

===================
251/End