အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇွန်လ ၉ ။ ။ နိုင်ငံတော်သမ္မတ(ငြိမ်း)လှူဒါန်းငွေအပါအ၀င် လေယာဉ်ပျက်ကျမှုမှ ကျန်ရစ်သူမိသားစုများသို့ လှူဒါန်းငွေ သိန်း ၅ ထောင်ကျော် ရရှိ ခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးတို့၏ ကျန်ရစ်သူမိသားစုများအတွက် ယနေ့ထိ လှူဒါန်းငွေမှာ စုစုပေါင်းလှူဒါန်းငွေကျပ် ၅၅၂၇.၅ သိန်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ(ငြိမ်း) ကျပ် ၁၅၃ သိန်း လှူဒါန်းခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကျပ် ၃၆၆ သိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကျပ်သိန်း ၅၀၊ ပြည်ထဲရေးဝန်ကြီးဌာန ကျပ်သိန်း ၁၀၀၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကျပ်သိန်း ၂၀၀၊ ရောင်နီဦး (ပရဟိတအဖွဲ့)၊ ကမ္ဘောဇဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီ ကျပ်သိန်း ၁၀၀၀နှင့် စေတနာရှင်အလှူရှင်များ၊ စုပေါင်းအဖွဲ့အစည်းများ ကျပ် ၃၆၅၈.၅ သိန်းကို ဇွန်လ ၉ ရက်အထိ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ရှာဖွေခြင်း၊ တပ်မတော်(လေ)မှ ကင်းထောက်လေယာဉ်များဖြင့် ရှာဖွေခြင်းနှင့် ဒေသခံ ငါးဖမ်းစက်လှေများဖြင့် ရှာဖွေခြင်းများအား ဇွန်လ ၉ ရက်အထိ လုပ်ဆောင်လျက်ရှိသည့် အပြင် တပ်မတော်(ရေ)မှ ရေငုပ်စစ်သည်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တပ်မတော်စစ်ရေယာဉ်မှ အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံဆယ်ယူရရှိပြီး လောင်းလုံမြို့နယ်၊ စန်းလန်းကျေးရွာသို့ ပို့ဆောင်ထားပြီး စုစုပေါင်း ရုပ်အလောင်း ၃၂ လောင်း ဆယ်ယူရရှိပြီးဖြစ်သည်။
===================
251/End
၁၀ ဇွန် ၂၀၁၇ - ၀၉:၁၉
News ID: 835514
ဇြန္လ ၉ ။ ။ နိုင်ငံတော်သမ္မတ(ငြိမ်း)လှူဒါန်းငွေအပါအ၀င် လေယာဉ်ပျက်ကျမှုမှ ကျန်ရစ်သူမိသားစုများသို့ လှူဒါန်းငွေ သိန်း ၅ ထောင်ကျော် ရရှိ ခဲ့ကြောင်း သိရသည်။