အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘဏ်များက ဗဟိုဘဏ် ၏ လေလံဈေးကွက်တွင် ဈေးဆွဲ တင်မှုကြောင့် ဇွန်လ ၂၁ ရက် ပြင်ပ ဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်သို့ မြင့်တက်လာသည်။
ဇွန်လအတွင်း ပြင်ပဈေး ကွက်တွင် ကန်ဒေါ်လာ တန်ဖိုး သည် တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ်ခန့်ရှိသော်လည်း လလယ်က စတင်၍ ဗဟိုဘဏ်ရည်ညွှန်းငွေ လဲနှုန်းက တစ်ဒေါ်လာ ၁,၃၆၅ ကျပ်သို့ မြှင့်တင်လိုက်သည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းသည် ပြည်တွင်းဘဏ်များက ဗဟိုဘဏ်မှ ကန်ဒေါ်လာ လေလံ ဆွဲသည့် အမြင့်ဆုံးနှုန်းကို ထုတ် ပြန်ပေးခြင်းဖြစ်သည်။
လက်ရှိတွင် သွင်းကုန်အ တွက် စင်ကာပူသို့ ငွေလွှဲပို့မှုများ လာပြီး ငွေလွှဲနှုန်းထားသည် တစ် ဒေါ်လာလျှင် ၁,၃၈၀ ကျပ်ခန့်ရှိ နေကြောင်း ပြင်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ၀ ဒသမ ၂၅ ရာခိုင် နှုန်း မြှင့်တင်ခြင်းကြောင့် နိုင်ငံတကာ ငွေလဲနှုန်းတွင် ကန် ဒေါ်လာတန်ဖိုး ပြန်လည်မြင့် တက်လာနိုင်ခြင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်းတို့ကြောင့် ရှေ့ ဆက်၍ ကန်ဒေါ်လာတန်ဖိုး မြင့် တက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ခန့်မှန်းနေ သည်။မြန်မာနိုင်ငံသည် ဒီဇယ်၊ ဓာတ်ဆီကဲ့သို့ မဟာဗျူဟာ မြောက်ကုန်စည်များ၊ စားအုန်း ဆီ၊ အိမ်သုံးဆေးဝါး၊ ဆောက် လုပ်ရေးပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံးပစ္စည်းများနှင့် ဓာတ် မြေသြဇာ ပိုးသတ်ဆေးကဲ့သို့ သွင်းအားစု ပစ္စည်းများ စသည်တို့ ကို ပြည်ပမှ တင်သွင်းနေရခြင်း ကြောင့် ကန်ဒေါ်လာတန်ဖိုးမြင့် တက်လာပါက ကုန်ဈေးနှုန်းမြင့် တက်မည့် အခြေအနေမျိုးရှိသည် ဟုစီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
‘‘နိုင်ငံတကာကျချိန်မှာ ပြည် တွင်းမှာက လိုက်မကျတော့ အ များပြည်သူကုန်ဈေးနှုန်းဒဏ်ခံရ တာပေါ့’’ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေး မှူး ဦးနေလင်းဇင်က ပြောသည်။
နိုင်ငံတကာဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးသည် ဇွန်လ ဆန်းက စတင်ကျဆင်းလာသော် လည်း မြန်မာနိုင်ငံ၌ ဘဏ်များ က ဗဟိုဘဏ်၏ လေလံဈေးကွက် တွင် ဈေးမြှင့်တင်နေခြင်းကြောင့် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ထက် ပြင်ပပေါက်ဈေးက လျော့ နည်းခဲ့သည်။
=====================
251/ End
၂၂ ဇွန် ၂၀၁၇ - ၁၈:၁၆
News ID: 838150
ဘဏ်များက ဗဟိုဘဏ် ၏ လေလံဈေးကွက်တွင် ဈေးဆွဲ တင်မှုကြောင့် ဇွန်လ ၂၁ ရက် ပြင်ပ ဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်သို့ မြင့်တက်လာသည်။