အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆေးကုသမှုခံယူနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကသူရဦးတင်ဦးကို သမ္မတရုံးဝန်ကြီးဟောင်းနှင့် မြန် မာငြိမ်းချမ်းရေးစင်တာအကြီး အကဲဟောင်း ဦးအောင်မင်းက ဇွန်လ ၂၄ ရက်တွင် လာရောက် ကြည့်ရှုအားပေးခဲ့သည်။
‘‘ဦးအောင်မင်းတို့ လာပြီး တော့ ဂါရဝပြုတာပေါ့။ သတင်း မေးတာပေါ့’’ဟု ဦးတင်ဦးကိုအနီးကပ် ပြုစုစောင့်ရှောက်နေသော ကိုမြင့်ဦးက ပြောသည်။
ဦးအောင်မင်းနှင့်အတူ မြန် မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင် ဟောင်း ဦးညိုအုန်းမြင့်လည်းလာ ရောက်ကြည့်ရှုခဲ့သည်။ နာယက ဦးတင်ဦးသည် ဇွန်လကုန်ခန့် တွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု ခန့် မှန်းကြောင်း ရန်ကုန်ဆေးရုံအုပ် ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။
‘‘ဒီဇွန်လကုန်လောက် ခန့် မှန်းတယ်။ စကားပြောတာ တချို့ စကားလုံးတွေ ပီတယ်။ အကုန် လုံးတော့ မပြောနိုင်ဘူး။ သူပြော နိုင်တဲ့ တချို့စကားလုံးတော့ပီ တယ်။ ခြေထောက်ထက်စာရင် လက်က ပိုလှုပ်ရှားနိုင်တယ်’’ဟု ၎င်းကပြောသည်။
သူရဦးတင်ဦးသည် မေလ၁၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဖြင့် တက်ရောက် ကုသမှု ခံယူခဲ့ရသည်။ ဆေးရုံတက်သည့် ခုနစ်ရက်မြောက်နေ့ မေလ ၂၄ ရက်တွင် အသက်အန္တရာယ် စိုးရိမ်ရသည့်အဆင့်ကို ကျော်လွန်ကာ အခြေအနေ တိုးတက်ကောင်းမွန်လာ၍ အထူးကြပ်မတ်ဆောင်မှ နှလုံးကုသ ဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ကျန်းမာရေးတိုး တက်မှုအခြေအနေများအရ ဇွန် လ ၂ ရက်တွင် ဆီးပိုက်ဖြုတ်ကာ အစာစတင်စားနိုင်ခဲ့သည်။
သူရဦးတင်ဦးကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ သံအမတ်ကြီးများက လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
=====================
251/ End
သူရဦးတင်ဦးကို သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း လာရောက်ကြည့်ရှုအားပေး ဇွန်လကုန်တွင် ဆေးရုံမှဆင်းနိုင်မည်ဟု ခန့်မှန်း
၂၅ ဇွန် ၂၀၁၇ - ၁၇:၅၇
News ID: 838792
ဆေးကုသမှုခံယူနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကသူရဦးတင်ဦးကို သမ္မတရုံးဝန်ကြီးဟောင်းနှင့် မြန် မာငြိမ်းချမ်းရေးစင်တာအကြီး အကဲဟောင်း ဦးအောင်မင်းက ဇွန်လ ၂၄ ရက်တွင် လာရောက် ကြည့်ရှုအားပေးခဲ့သည်။