အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုအဆင့်ဝန် ကြီး၊ ဒုဝန်ကြီးအပြောင်းအလဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သုံးသပ်ဆုံးဖြတ်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ဝင် ဦးဝင်းထိန်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ သတ္တမအကြိမ် မြောက် ဗဟိုကော်မတီအစည်း အဝေးအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် 7Day Daily သတင်းစာ၏ အစိုးရအဖွဲ့အ ပြောင်းအလဲ ရှိ၊ မရှိ မေးမြန်းမှုအ ပေါ် ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့သည်။
‘‘ပြည်ထောင်စုအဆင့် အစိုး ရကိုတော့ ဒေါ်အောင်ဆန်းစု ကြည် သုံးသပ်ပြီး သူဆောင်ရွက် မှာ။ ကျွန်တော်တို့ သုံးသပ်တဲ့အ ထဲမှာ မပါဘူး။ ပြည်ထောင်စုဝန် ကြီး၊ ဒုဝန်ကြီးက ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ပဲ သုံးသပ်ပြီး သူက ဆုံးဖြတ်မှာပါ’’ဟု ဦးဝင်း ထိန်က ဆိုသည်။
ဦးဝင်းထိန် အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူသော အစိုးရအဖွဲ့များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်း ဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ (ဝန်ကြီးချုပ်၊ ဝန်ကြီးများ)၏ စွမ်းဆောင်ရည်ကို သုံးသပ်နေကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ စွမ်းဆောင် ရည်ကို သုံးသပ်နေသော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေ ညာမည်မဟုတ်ဘဲ ဗဟိုအလုပ် အမှုဆောင်ကိုတင်ပြ၍ အားသာ ချက်၊ အားနည်းချက်များကို ပြု ပြင်မည်ဟု ဦးဝင်းထိန်က ရှင်းပြ သည်။
သို့ရာတွင် ပြည်ထောင်စုအ ဆင့်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ကို ရာထူးမှ ဖယ်ရှားခြင်းကို အစိုး ရသက်တမ်း ရှစ်လခန့်၌ ပထမဆုံးပြုလုပ်ခဲ့သည်။ ၎င်းကိုရာထူးမှမဖယ်ရှားမီ နေပြည်တော်ကောင် စီသို့ ပြောင်းရွှေ့ရန်နှင့် (အလုပ်မှ)မထွက်ပါက ထုတ်ပယ်မည်ဟု ဦးဝင်းထိန်က ပြောကြားခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက ထိုစဉ်ကသတင်းထောက်များအား ပြောကြားသည်။
လက်ရှိ၌ ဒီချုပ်အစိုးရသက် တမ်း တစ်နှစ်ကျော်လာချိန်တွင် ပြည်ထောင်စုဝန်ကြီးအချို့ကို အ ပြောင်းအလဲပြုလုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူများကြား ဝေ ဖန်မှုများရှိသည်။
ထို့အပြင် လွှတ်တော်၌ ဒီ ချုပ်လွှတ်တော်ကိုယ်စားလှယ် များ၏ အဆို၊ မေးခွန်းများ ပါတီမှ စိစစ်ခြင်းသည် ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်းနှင့် အမေရိ ကန်၊ ဗြိတိန် စသည့်နိုင်ငံတကာ လွှတ်တော်များတွင်လည်း အ လားတူ စိစစ်ရေးအဖွဲ့များရှိ ကြောင်း ဦးဝင်းထိန်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
‘‘တချို့ကြားပါလိမ့်မယ်။ တစ်ယောက်၊ နှစ်ယောက်က ပါတီတွင်း ဒီမိုကရေစီမရှိဘူးလို့။ သူတို့ ပြောချင်တာ မပြောရဘူးလို့၊ မလွတ်လပ်ဘူးလို့ ပြောတာ ပြော ပါစေ။ သို့သော်လည်း ကျွန်တော် ပါတီအရေး၊ ဒီမိုကရေစီအရေးကို ဦးတည်ပြီး လုပ်တဲ့အတွက်ကြောင့်ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်ပဲလို့ ပြောပါရစေ’’ဟု ၎င်း က ဆိုသည်။
ပါတီမူဝါဒကို လိုက်နာရန် နှင့် အစိုးရကို အကျပ်ကိုင်မည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်တို့တွင် အဆို၊ မေးခွန်း စိစစ် ရေးအဖွဲ့များကို ထားရှိခြင်းဖြစ် သည်ဟု ဦးဝင်းထိန်က ဆိုသည်။
သို့သော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းသည် ပြည်သူလူထုက ရွေးကောက်လိုက် ခြင်းကြောင့်ဖြစ်၍ အစိုးရအဖွဲ့ဝင် များ၊ လွှတ်တော်ကိုယ်စားလှယ် များကို ပြည်သူလူထုနှင့် မကွင်း ကွာစေရန် တဖွဖွမှာကြားနေရ ကြောင်း ၎င်းက သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
=====================
251/ End
၂၆ ဇွန် ၂၀၁၇ - ၁၇:၀၆
News ID: 838953
ပြည်ထောင်စုအဆင့်ဝန် ကြီး၊ ဒုဝန်ကြီးအပြောင်းအလဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သုံးသပ်ဆုံးဖြတ်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ဝင် ဦးဝင်းထိန်က ပြောသည်။