အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နှစ်ပေါင်းများစွာ ပညာရေးခေတ် နောက်ကျနေခဲ့သည့်အတွက် လို အပ်ချက်များ၊ အခက်အခဲများ၊ စိန် ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး ပ ညာရေး ပြုပြင်ပြောင်းလဲမှုများကို ပင်ပန်းခက်ခဲစွာ ဆောင်ရွက်နေရ ကြောင်း ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးကပြောသည်။
၂ဝ၁၇ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရ တုခန်းမ၌ကျင်းပခဲ့ရာ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
‘‘အမျိုးသားပညာရေး ဥပဒေ နဲ့ ပြင်ဆင်တဲ့ ဥပဒေတို့အရတက္က သိုလ်တွေမှာ တန်ဖိုးရှိတဲ့ပညာရေး ပိုမိုဖြစ်ထွန်းလာရေးကို ဦးတည်ပြီး ထိထိရောက်ရောက်နဲ့ ပွင့်လင်းမြင် သာစွာ အကောင်အထည်ဖော်နိုင် ဖို့ ပင်ပန်းခက်ခဲ နက်နဲစွာ ပူးပေါင်း ဆောင်ရွက်နေရပါတယ်’’ဟု ဒေါက် တာမျိုးသိမ်းကြီးကဆိုသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) တွင် အဆင့်မြှင့်ပညာကဏ္ဍသင် ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အ ရည်အသွေး အာမခံမှုရှိနိုင်ရေးနှင့် ထိရောက်သော စီမံခန့်ခွဲမှုဖြင့် အ ကောင်အထည်ဖော်နိုင်ရေးတို့ကို သုတေသနလေ့လာ ဆန်းစစ်တွေ့ ရှိချက်များနှင့် အကြံပြုချက်များအ ရ စီမံကိန်းများရေးဆွဲပြီး စနစ်တ ကျ အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးကပြော သည်။
ပညာရေးအရည်အသွေးမြင့် မားလာရေးအတွက် ဆရာ၊ဆရာမ များ၏ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အချင်းများသည် လွန်စွာအ ရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ၂ နှစ် သင် ပညာရေးကောလိပ်များကို နိုင်ငံတကာကဲ့သို့ လေးနှစ်သင်ပ ညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် စနစ်တကျ စီမံချက်များပြုစုပြီး အဆင့်ဆင့် အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ၀န်ကြီးကဆိုသည်။
အဆင့်မြှင့်ပညာကဏ္ဍ နှီး နှောဖလှယ်ပွဲကို ဇွန်လ ၂၄ မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး တက္ကသိုလ် အသီးသီးမှ စာတမ်းရှင်များက စာ တမ်း ၁၀ စောင်တင်သွင်းဆွေးနွေး ခဲ့သည်။
=====================
251/ End
နှစ်ပေါင်းများစွာနောက်ကျခဲ့၍ ပညာရေးပြုပြင်ပြောင်းလဲမှု ပင်ပန်းခက်ခဲစွာ ဆောင်ရွက်နေရဟု ပညာရေးဝန်ကြီးပြောကြား
၂၈ ဇွန် ၂၀၁၇ - ၁၅:၄၆
News ID: 839300
နှစ်ပေါင်းများစွာ ပညာရေးခေတ် နောက်ကျနေခဲ့သည့်အတွက် လို အပ်ချက်များ၊ အခက်အခဲများ၊ စိန် ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး ပ ညာရေး ပြုပြင်ပြောင်းလဲမှုများကို ပင်ပန်းခက်ခဲစွာ ဆောင်ရွက်နေရ ကြောင်း ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးကပြောသည်။