အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အရေး ကိစ္စဆိုင်ရာ အထူးအစည်းအဝေး ကို လက်ရှိအစိုးရလက်ထက် သမ္မတအိမ်တော်၌ ပထမဆုံးအ ကြိမ် ဇွန်လ ၃၀ ရက်က သုံးနာရီ ကျော်ကြာ ပြုလုပ်ခဲ့သည်။
ကုလအချက်အလက်ရှာဖွေ ရေး မစ်ရှင်အပေါ် တုံ့ပြန်မည့်အစီ အစဉ်များ၊ မောင်တောဒေသအ တွင်း အကြမ်းဖက်တိုက်ခိုက်မှုအ ခြေအနေများနှင့် လုံခြုံရေးဆောင် ရွက်မည့် အစီအစဉ်များ၊ မောင် တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံ စာနှင့်ပတ်သက်၍ အကောင်အ ထည်ဖော်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ထိုအထူးအစည်းအဝေးတွင် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒုတပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ် စပ်ရေးရာဝန်ကြီး၊ အတိုင်ပင်ခံရုံး ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တို့ တက်ရောက်ခဲ့သည်။
မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ ၁၅ မိနစ်အထိ သုံးနာရီကျော် ကြာ ပြုလုပ်ခဲ့သော အထူးအစည်း အဝေးသည် ဇွန်လ ၂၉ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ကုလလူ့အခွင့်အရေးကောင် စီ၏ အချက်အလက်ရှာဖွေရေး မစ်ရှင်နှင့်ပတ်သက်၍ ဆွေးနွေးမှု အပြီး နောက်တစ်ရက်၌ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုများကို စုံစမ်းစစ်ဆေး မည့် ကုလမစ်ရှင်ကို မြန်မာနိုင်ငံ တွင်း မဝင်ရောက်စေရန် မြန်မာ သံရုံးများကို လိုအပ်သော ညွှန် ကြားမှုများ ပြုလုပ်တားဆီးမည် ဟု နိုင်ငံခြားရေးဒုဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
ဇွန်လ ၃၀ ရက် နိုင်ငံတကာ သတင်း စာမျက်နှာများတွင် မြန်မာအစိုးရက ကုလမစ်ရှင် အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်မည့်အကြောင်း ခေါင်း ကြီးသတင်းများအဖြစ် ဖော်ပြ နေသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ နိုင်ငံတကာခရီးစဉ် များအတွင်း ရခိုင်ပြည်နယ်ပဋိ ပက္ခဆိုင်ရာ နိုင်ငံတကာစွပ်စွဲချက် များကို ကန့်ကွက်ငြင်းပယ်နေ သည်။ နိုင်ငံခြားရေးဒုဝန်ကြီးက လည်း အစိုးရအနေဖြင့် ခေါင်းခံ တာဝန်ယူကာကွယ်နေကြောင်း လွှတ်တော်တွင် ထည့်သွင်းပြောခဲ့ သည်။
၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောရှိ မြန်မာနယ် ခြားစောင့် ရဲကင်းစခန်းသုံးခု အ ကြမ်းဖက်တိုက်ခိုက်ခံရပြီး နောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်။
၂၀၁၇ ဖေဖော်ဝါရီ ၃ ရက် တွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (OH-CHR)အစီရင်ခံစာတစ်စောင် ထွက်ပေါ်ခဲ့ပြီး လေးလကြာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး၌ အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင် လူပေါင်းရာနှင့် ချီ၍ အသတ်ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ မြန်မာသို့ ကုလအချက်အလက်ရှာဖွေရေး မစ်ရှင် စေလွှတ်ရန် ကုလလူ့အခွင့်အရေး ကောင်စီ ညီလာခံက ဆုံးဖြတ်ပြီး မြန်မာအစိုးရက ငြင်းပယ်ခဲ့ သည်။
=====================
251/ End
၁ ဇူလိုင် ၂၀၁၇ - ၁၆:၅၆
News ID: 839837
ရခိုင်ပြည်နယ်အရေး ကိစ္စဆိုင်ရာ အထူးအစည်းအဝေး ကို လက်ရှိအစိုးရလက်ထက် သမ္မတအိမ်တော်၌ ပထမဆုံးအ ကြိမ် ဇွန်လ ၃၀ ရက်က သုံးနာရီ ကျော်ကြာ ပြုလုပ်ခဲ့သည်။ ကုလအချက်အလက်ရှာဖွေ ရေး မစ်ရှင်အပေါ် တုံ့ပြန်မည့်အစီ အစဉ်များ၊ မောင်တောဒေသအ တွင်း အကြမ်းဖက်တိုက်ခိုက်မှုအ ခြေအနေများနှင့် လုံခြုံရေးဆောင် ရွက်မည့် အစီအစဉ်များ၊ မောင် တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံ စာနှင့်ပတ်သက်၍ အကောင်အ ထည်ဖော်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။