အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကော်ဖီ၊လက်ဖက် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တောင်ကြီး မြို့ရှိ ကမ္ဘောဇကုန်သွယ်မှုဗဟို ဌာနတွင် ဇွန်လ ၃၀ ရက်က ပထမဆုံးအကြိမ်ကျင်းပပြီး ပြည်ပသို့ ပို့ကုန်မြင့်တက်စေရန် ရည်ရွယ် သည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန် မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ် နော်မူတာကပေါက ပြောသည်။
‘‘ကော်ဖီနဲ့လက်ဖက်ဟာပြည် ပကို တင်ပို့နိုင်ဖို့ အလားအလာ ကောင်းတဲ့ သီးနှံတွေဖြစ်ပါတယ်။ ဒီပို့ကုန်တွေကိုဘယ်လို အရည်အ သွေးပိုကောင်းအောင်ထုတ်လုပ် မလဲ၊ ပြည်ပပို့ကုန်မြှင့်တင်ဖို့ ဈေး ကွက်ကို ဘယ်လိုထိုးဖောက်မလဲ၊ ဘာတွေလိုအပ်နေသလဲ၊ ပူးပေါင်း ဆောင်ရွက်ဖို့ ဘာတွေလိုအပ်နေ သေးသလဲဆိုတာ သိရှိဖို့အတွက် ဒီအလုပ်ရုံဆွေးနွေးပွဲကို ဆောင် ရွက်တာဖြစ်တယ်’’ ဟု ဒေါ်နော် မူတာကပေါကပြောသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန် မာတစ်နိုင်ငံလုံးရှိ လက်ဖက်၊ ကော်ဖီစိုက်တောင်သူအစုအဖွဲ့ ကိုယ်စားလှယ်၊ စိုက်ပျိုးထုတ်လုပ်ဖြန့်ချိသူများ၊ လုပ်ငန်းရှင်များလူ ဦးရေ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ထူးက အဖွင့်အမှာစကား ပြော ကြားခဲ့သည်။
‘‘ကော်ဖီစိုက်ပါတယ်။ ဆွေး နွေးပွဲကနေ တစ်ခုခုအသိပညာအ မြင်ရမယ်လို့ ထင်တဲ့အတွက် တက်ရောက်လာခြင်းဖြစ်တယ်’’ ဟု ရွာငံဒေသမှ ကော်ဖီစိုက် တောင်သူတစ်ဦးကပြောသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်အ စိုးရဌာနဆိုင်ရာမှ စာတမ်းလေး စောင်ဖတ်ကြားခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍမှ တက်ရောက်လာသူအစု အဖွဲ့ ကိုယ်စားလှယ်များကစာတမ်း သုံးစောင်ဖတ်ကြားခဲ့သည်။ မြန် မာနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်က ပြည်ပသို့ကော်ဖီတင်ပို့ မှု ၈၆၀ မက်ထရစ်တန်ရှိခဲ့ပြီး ကန် ဒေါ်လာ ၁ ဒသမ ၄၃၇သန်းရရှိ ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း ပြည်ပသို့လက်ဖက်တင်ပို့မှု မက်ထရစ်တန် ၄,၀၀၀ ကျော်ရှိခဲ့ ပြီး ကန်ဒေါ်လာ ၂ ဒသမ ၁၃၄ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မှတ်တမ်းများအရ သိရ သည်။
=====================
251/ End
၂ ဇူလိုင် ၂၀၁၇ - ၁၇:၂၁
News ID: 840021