၂ ဇူလိုင် ၂၀၁၇ - ၁၈:၂၂
မောင်တောအကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူ လူကြီးငါးရာကျော်နှင့် ကလေးငါးဦးရှိ

မောင်တောအခြေ စိုက်နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခု အကြမ်းဖက်တိုက် ခိုက်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ လူကြီးတရားခံ ငါးရာကျော်ရှိပြီး ကလေးငါးဦး ရှိကြောင်း ရခိုင်ပြည်နယ် တရားသူကြီးချုပ်ဦးကျောက်က ပြောသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မောင်တောအခြေ စိုက်နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခု အကြမ်းဖက်တိုက် ခိုက်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ လူကြီးတရားခံ ငါးရာကျော်ရှိပြီး ကလေးငါးဦး ရှိကြောင်း ရခိုင်ပြည်နယ် တရားသူကြီးချုပ်ဦးကျောက်က ပြောသည်။

ရခိုင်ပြည်နယ် တရားလွှတ် တော်နှင့် လက်အောက်တရားရုံး အဆင့်ဆင့်တို့၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း တရားစီရင် ရေးဆိုင်ရာ ဆောင်ရွက်မှုအခြေ အနေကို ပြည်နယ်တရားသူကြီး ချုပ်က ဇွန်လ ၃၀ ရက် ရခိုင်ပြည် နယ်လွှတ်တော်အစည်းအဝေး တွင် တင်ပြခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရားခံပြေး ၁,၃၀၅ ဦးရှိနေပြီး တရားစီရင်ရေးလုပ် ငန်းများ လွယ်ကူမြန်ဆန်စေရေး အထူးခရိုင်တရားရုံးကို ဘူးသီး တောင်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း ဦးကျောက်က ပြောသည်။

နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို မောင် တောခရိုင်နှင့် စစ်တွေခရိုင်တရား ရုံးတွင် စစ်ဆေးနေသည်။

ထို့အပြင် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိ တစ်နှစ်အတွင်း ရခိုင်ပြည်နယ် တွင် သက်ငယ်မုဒိမ်းမှု ၂၃ မှုရှိပြီး၁၇ မှုကို ပြစ်ဒဏ်ချမှတ်ထားကာ ကျန်ငါးမှုကို ဆက်လက်စစ်ဆေးနေကြောင်း ပြည်နယ်တရားသူကြီးချုပ်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် တရားလွှတ် တော်နှင့် ခရိုင်တရားရုံးများတွင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်စီရင် ခံရသူ ငါးဦးရှိကြောင်း အစီရင်ခံ စာ၌ ရေးသားထားသည်။

=====================
251/ End