အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) က ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွားယူသည့် သတင်းသ မားများကို ဖမ်းဆီးမှုသည် သဘာ ၀မကျကြောင်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) တာဝန်ရှိသူ ခိုင်စိုးနိုင်အောင်က ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန် လ၂၈ မှ ဇူလိုင် ၂ ရက်အထိကျင်းပခဲ့သော PPST ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံး သပ်သည့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ခိုင်စိုး နိုင်အောင်က ယခုကဲ့သို့ ပြော ကြားပြီး ယင်းကိစ္စအပေါ် အစိုးရနှင့်တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟုလည်း ဆိုသည်။
TNLA အဖွဲ့နှင့် ဆက်သွယ် သည်ဆိုကာ သတင်းသမားများ ဖမ်းဆီးခံထားရမှုအပေါ် NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ သဘော ထားကိုမေးမြန်းရာ ခိုင်စိုးနိုင် အောင်က ‘‘ပလောင် (TNLA) ဒေသမှာ သတင်းသွားယူတာ အစိုးရမှာလည်း မသွားနဲ့လို့ပြောတာလည်းမတွေ့ဘူး။ စည်းကမ်းချမှတ်ထားတာလည်းမရှိဘူး။ အရင်တုန်းကလည်း အဲဒီလိုယူခဲ့ တာရှိတယ်။ ရိုးရိုးသားသားသ တင်းသွားယူတာ သတင်းသွားယူ တာမှန်တယ်လို့ထင်တယ်။ မီဒီ ယာတွေအနေနဲ့ ယူသင့်တယ်လို့ ထင်တယ်။ အဲဒီအပေါ်မှာ ၁၇(၁) နဲ့လုပ်တာကတော့ သဘာဝမကျဘူးလို့ မြင်တယ်’’ဟု ပြောသည်။
ခိုင်စိုးနိုင်အောင်၏ ပြော ကြားမှုအပေါ် ကျန် PPST ခေါင်း ဆောင်များက ကန့်ကွက်ခဲ့ခြင်းမရှိ ပေ။ အဆိုပါ သတင်းစာရှင်းလင်း ပွဲသို့ ကရင်အမျိုးသားအစည်းအ ရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအ၀င် အ ပစ်ရပ်လက်မှတ်ထိုးအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်၍ PPST ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ သဘောထား များ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများကို ရှင်းလင်းခြင်းဖြစ် သည်။
TNLA နှင့် ဆက်သွယ်သည် ဆိုကာ ဇွန်လ ၂၆ ရက်တွင် ဒီဗီဘီ သတင်းဌာနမှ သတင်းထောက် နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးတို့ကို တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၌ ဖမ်းဆီးခဲ့ပြီး ဇွန်လ၂၈ ရက်တွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထားသည်။
သတင်းရယူခွင့်နှင့် သတင်း လွတ်လပ်ခွင့်ကို အလေးထားစဉ်း စားရန် အစိုးရနှင့်တပ်မတော်ကို တိုက်တွန်းမေတ္တာရပ်ခံကြောင်း အဆိုပါ သတင်းထောက်သုံးဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က ဇွန်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ သည်။ လက်ရှိအချိန်သည် ပြည် ထောင်စုငြိမ်းချမ်းရေးကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဖော် ဆောင်နေသော ကာလဖြစ်သည် ဆိုသည့်အချက်ကို ထည့်သွင်း စဉ်းစားရန် ကော်မရှင်က မေတ္တာ ရပ်ခံခဲ့သည်။
=====================
251/ End
၃ ဇူလိုင် ၂၀၁၇ - ၁၆:၁၈
News ID: 840202
တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) က ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွားယူသည့် သတင်းသ မားများကို ဖမ်းဆီးမှုသည် သဘာ ၀မကျကြောင်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) တာဝန်ရှိသူ ခိုင်စိုးနိုင်အောင်က ပြောသည်။