အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ် ကော်မတီများကို ဇွန်လကုန်က ဖွဲ့စည်းပြီးနောက် အလုပ်သမားများ၏ နေထိုင်စား သောက်စရိတ် စစ်တမ်းကို ယခုလအတွင်း စတင်ကောက်ယူမည်ဖြစ်သည်။
ကော်မတီများအတွက် လုပ် ငန်းစဉ် သတ်မှတ်မှုကို အနည်း ဆုံးအခကြေးငွေ သက်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အထူးအစည်းအဝေးတွင် ချမှတ် ရန်ရှိကြောင်း အမျိုးသားကော်မ တီအဖွဲ့ဝင်အချို့က ပြောသည်။
‘‘ဇူလိုင် ၇ ရက်မှာ အမျိုး သား ကော်မတီ အထူးအစည်းအ ဝေး ခေါ်ထားတယ်။ အဓိကက တော့ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီတွေအတွက် လုပ်ငန်း စဉ်တွေ သတ်မှတ်ပေးဖို့ပါ။ လုပ် ငန်းစဉ်တွေ သတ်မှတ်ပြီးမှ နေ ထိုင်၊စားသောက်မှုကုန်ကျစရိတ် သုံးသပ်မှုတွေ စလုပ်နိုင်မှာပါ’’ဟု အနည်းဆုံး အခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီအဖွဲ့ဝင် ဦးနော်အောင်က ပြောသည်။ အနည်းဆုံး အခကြးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အထူးအစည်းအဝေးကို ကော်မတီဖွဲ့စည်းပြီး နောက် ပထမဆုံးခေါ်ယူခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အနည်းဆုံး လုပ်ခလစာကို တစ်ရက်လျှင် ၃,၆၀၀ ကျပ်အဖြစ် ၂၀၁၅ စက် တင်ဘာ ၁ ရက်က အတည်ပြု သတ်မှတ်ထားခဲ့သည်။
ယင်းနှုန်းထား သတ်မှတ် ခြင်းကို ၂ နှစ် တစ်ကြိမ် ပြန်လည် သုံးသပ်သည်ဟု အနည်းဆုံးအခ ကြေးငွေဥပဒေများ ပြဋ္ဌာန်းထား ခြင်းကြောင့် ယခုနှစ် စက်တင်ဘာ မတိုင်မီ ပြန်လည်သုံးသပ်ပြင်ဆင် နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
လက်ရှိသတ်မှတ်ထားသော တစ်ရက်လုပ်ခ ၃,၆၀၀ ကျပ် သည် စားဝတ်နေရေး လုံလောက် မှုမရှိကြောင်း အလုပ်သမားများ က ထုတ်ဖော်ပြောကြားထားပြီး တစ်ရက်လုပ်ခ ၅,၆၀၀ ကျပ်ခန့် ရရှိလိုကြောင်း တောင်းဆိုမှုများရှိ နေသည်။
=====================
251/ End
၆ ဇူလိုင် ၂၀၁၇ - ၁၇:၀၇
News ID: 840799
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ် ကော်မတီများကို ဇွန်လကုန်က ဖွဲ့စည်းပြီးနောက် အလုပ်သမားများ၏ နေထိုင်စား သောက်စရိတ် စစ်တမ်းကို ယခုလအတွင်း စတင်ကောက်ယူမည်ဖြစ်သည်။