၁၂ ဇူလိုင် ၂၀၁၇ - ၁၉:၂၉
မြန်မာ့စီးပွားရေးဖွံ့ဖြိုးရန် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့် စီးပွားရေးမဟာစီမံကိန်းရှိရန် လိုအပ်

အစိုးရသက်တမ်းတစ် နှစ်ကျော်ချိန်အထိ စီးပွားရေး ကဏ္ဍတွင် မူဝါဒ ၁၂ ချက်ချမှတ် နိုင်သော်လည်း အကောင်အထည် ဖော်နိုင်မည့် တစ်နိုင်ငံလုံးလွှမ်းခြုံ ပြီး စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာ တစ်ခုကို ရေးဆွဲနိုင်မှုမရှိသေး ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဒေါ်သက်သက်ခိုင်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရသက်တမ်းတစ် နှစ်ကျော်ချိန်အထိ စီးပွားရေး ကဏ္ဍတွင် မူဝါဒ ၁၂ ချက်ချမှတ် နိုင်သော်လည်း အကောင်အထည် ဖော်နိုင်မည့် တစ်နိုင်ငံလုံးလွှမ်းခြုံ ပြီး စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာ တစ်ခုကို ရေးဆွဲနိုင်မှုမရှိသေး ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဒေါ်သက်သက်ခိုင်က ပြော ကြားသည်။

စီးပွားရေးကဏ္ဍတွင် မူဝါဒ ၁၂ ချက်ကို အစိုးရက တရားဝင် ထုတ်ပြန်ထားသော်လည်း မူဝါဒ ကို အကောင်အထည်ဖော်မည့် ၀န်ကြီးဌာနများအပါအ၀င် ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍ အားလုံးပါဝင်သည့် မဟာဗျူဟာတစ်ရပ်လိုအပ်နေသည်ဟု ဇွန်လ ၁၇ရက်တွင်Gandamar Hold Sale ၌  ပြုလုပ်သော 7 Day TV နှင့် ယူနိုက်တက်အမရဘဏ်တို့ ပူးပေါင်းစီစဉ်သည့် Bisiness Turning Point 2017 ဆွေးနွေးပွဲတွင် ဒေါ်သက်သက်ခိုင်က ပြောသည်။

အစိုးရသစ်လက်ထက်တစ်နှစ်တာ စီးပွားရေးအခြေအနေများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးဦး အောင်နိုင်ဦး၊ UMFCCIဒုတိယဥက္ကဋ္ဌဒေါက်တာမောင်မောင်လေးနှင့် ဒေါ်သက်သက်ခိုင်တို့က ဆွေးနွေးခဲ့သည်။

‘‘အစိုးရသစ်တက်လာ တယ်၊ စီးပွားရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဆန္ဒတွေရှိတယ်။ အစိုးရ ရပ်တည်ချက်ကို ပြောရမယ်။ ဒီ လိုပြောဖို့ မဟာဗျူဟာရှိရမယ်။ မဟာဗျူဟာကတစ်နှစ်ကျော်ပြီ အခုထိမရှိသေးဘူး’’ ဟု ဒေါ်သက် သက်ခိုင်က ပြောသည်။

စီးပွားရေးအရ မဟာဗျူဟာ ဆိုသည်မှာ တစ်နိုင်ငံလုံးကို လွှမ်း ခြုံပြီး ကဏ္ဍတိုင်းတွင်ရှိသင့်သည့် စီမံချက်များဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဥပမာအားဖြင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကုန် သွယ်မှုမြှင့်တင်ရေးစသည့် ကဏ္ဍ တိုင်းတွင် ပါဝင်ရမည်ဟုဆိုသည်။

ထို့အပြင် ယခင်အစိုးရ အ ကောင်အထည်ဖော်သည့် စီမံ ကိန်းများ၊ မူဝါဒများကို ပြန်လည် ဆန်းစစ်ရန်လိုအပ်ကြောင်း ၎င်း ကဆက်ပြောသည်။

အစိုးရ၏စီးပွားရေးကဏ္ဍ ဆောင်ရွက်ချက်များနှင့် ပတ် သက်၍ ဝေဖန်မှုအမျိုးမျိုးရှိသော် လည်း ၀န်ကြီးဌာနတိုင်းကြိုးစားလုပ်ဆောင်နေကြောင်း၊ ၀န်ကြီးဌာနတိုင်းတွင် အသေးစိတ် မဟာဗျူဟာများရှိသော်လည်း ပြည်သူများကို ချပြခြင်းမရှိသေးခြင်းသာဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောသည်။ လက်ရှိအစိုးရသည် စီးပွား ရေးနှင့်ပတ်သက်၍ မူဝါဒ ၁၂ချက်ကိုထုတ်ပြန်ထားပြီး မူဝါဒကောင်းမွန်သော်လည်း အကောင်အထည်ဖော်ရန် နည်းဗျူဟာလိုအပ်နေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

အစိုးရအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးနှင့် ဆက်စပ်သည့် ဥပဒေ၊ နည်းဥပ ဒေများကို ပြဋ္ဌာန်းသင့်သည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတော်စီးပွားရေးနှင့် ပတ် သက်ပြီး အစိုးရ၏မူဝါဒနံပါတ် (၂)အချက်တွင် အသေးစား၊ အ လတ်စားလုပ်ငန်းများကို ဦးစား ပေးရန် စီစဉ်ထားသဖြင့် ကောင်း မွန်သည့် မူဝါဒဖြစ်ပြီး အကောင် အထည်ဖော်ရန် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြော သည်

=====================
251/ End